(ဃ)-မင်းဘူးမြို့၊ စကိန္တဲဘုရားအနီးမှ ရွာသာကျေး ရွာဆိပ်အထိ ကမ်းပတ်တာနှင့် ရေထိန်းတံခါးများ တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2017-07-13

photoမကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့သည် ရပ်ကွက်ကြီးလေးရပ်ကွက်နှင့် ဖွဲ့စည်းတည်ဆောက်ပြီး အမှတ် (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်ဆိုပြီး တည်ရှိပါကြောင်း၊ ၎င်း လေးရပ်ကွက်ထဲမှ အမှတ်(၁) ရပ်ကွက်က လွဲ၍ ကျန်ရပ်ကွက်များသည် နှစ်စဉ် ဧရာဝတီမြစ်ရေ ကြီးမြင့်မှုဒဏ်ကို ခံစားနေကြရ ပါကြောင်း၊ ယခုကဲ့သို့ နှစ်စဉ် ဧရာဝတီမြစ်ရေ နစ်မြုပ်မှုဒဏ်ကြောင့် စားဝတ်နေရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကို ဒေသခံပြည်သူများ ကြုံတွေ့နေရပါကြောင်း၊ ရေဘေးဒဏ် ပြည်သူများကို ထောက်ပံံ့ကြေးပေးရသဖြင့် ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လမ်းများ၊ တံတားများ၊ အဆောက်အဦများကို နှစ်စဉ်ပြုပြင်ပေးနေရသည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပြည်သူ့ဘဏ္ဍာငွေများ နှစ်စဉ်ကုန်ကျနေရပါကြောင်း၊

သို့ဖြစ်ပါ၍ နှစ်စဉ်ကြုံတွေ့နေရသည့် ဒေသခံပြည်သူများ၏ အခက်အခဲများ အဆင်ပြေစေရန်နှင့် ပြည်သူ့ဘဏ္ဍာငွေများ နှစ်စဉ်ကုန်ကျမှုသက်သာစေရေးတို့အတွက် လိုအပ်လျက်ရှိနေသည့် မင်းဘူးမြို့ ဧရာဝတီမြစ်ကမ်းနဘေး စက္ကိန်းတဲဘုရားအနီးမှ ရွာသာကျေးရွာဆိပ်ကမ်းအထိ ကမ်းပတ်တာနှင့် ရေထိန်းတံခါးများ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအဖြစ်သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေအဖြစ်သော်လည်းကောင်း လျာထားတောင်းခံ ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်နှင့် အစီအစဉ်မရှိသေးပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။