(က)-ဗဟိုဘဏ်မှနိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံး (၁၃)ရုံးအား မြန်မာနိုင်ငံသားများအတွက် လက်လီ ဝန်ဆောင်မှုကို မည်သည့်နေ့တွင် ခွင့်ပြုမည်ဖြစ် ကြောင်း ကြေညာရန် အစီအစဉ် ရှိ / မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း

2017-07-10

photoမြန်မာနိုင်ငံကို လေ့လာကြည့်ရာတွင် ပြည်တွင်းဘဏ်ပေါင်း နှစ်ဒါဇင်ရှိပြီး နိုင်ငံခြားတွင် ၁၃ ဘဏ်ရှိပါကြောင်း၊ ပြည်တွင်းဘဏ်များသည် Pay up Capital အဖြစ်နှင့်  အမေရိကန် ဒေါ်လာနှစ်သန်းခန့် ကို Deposited လုပ်ပြီး လှည့်လည်ရပ်တည်နေကြပါကြောင်း၊ ထိုအချိန်တွင်  နိုင်ငံခြားဘဏ်များအနေဖြင့်  ဘဏ်လိုင်စင်ရရှိရန်အတွက် Pay up Capital ခုနစ်သန်းခွဲကို ထည့်ထားပြီး ဘဏ်လိုင်စင်လည်း ထုတ်ပေးထားပါကြောင်း၊ ထိုသို့ ထုတ်ပေးထားသော်လည်း ထို Foreign Bank များကို ပြည်သူများ၊ မြန်မာနိုင်ငံသားများအနေ Direct မဆက်ဆံရပါကြောင်း၊ နိုင်ငံခြားသားဘဏ်များ၊ နိုင်ငံခြားနှင့် ဖက်စပ် သည့် ဘဏ်များ အနေဖြင့်သာ ပတ်သက်ရမည် ဖြစ်နေသည့်အတွက် အခုချိန်ထိ Foreign Bank များအားလုံး ထိုင်စောင့်နေကြပါကြောင်း၊ ထိုသို့ စောင့်နေကြသည့်အခါ ပြည်တွင်းဘဏ်များ ဖြစ်သည့် ဘဏ် ၂၄ ဘဏ်က ဘဏ်လုပ်ငန်းများအပြင် Insurances ၊ ဓာတ်ဆီ၊  လုပ်ငန်းမျိုးစုံ လုပ်ပါကြောင်း၊ ထိုအခါ ငွေမလောက်တော့ဘဲ အပြန်အလှန်ချေးကြသောကြောင့် ပြည်သူများအတွက် ချေးရန်ငွေ ဈေးကွက်မရှိတော့ပါကြောင်း၊ တိုင်းပြည်တစ်တိုင်းပြည် စီးပွားတက်ရန် အရင်းအနှီးမရှိ နည်းပညာမရှိ ဈေးကွက်မရှိဘဲနဲ့ ဘယ်လိုမှဖြစ်မလာနိုင်ပါကြောင်း၊ တစ်ဖက်တွင် Foreign Bank များက ရင်းနှီးမြှုပ်နှံ လိုသောကြောင့် စောင့်နေပါကြောင်း၊ ဒီဘက်ရှိ Local လုပ်ငန်းရှင်များကလည်း ပိုက်ဆံလိုချင် သောကြောင့် မျှော်နေကြပါကြောင်း၊ ထိုသို့မျှော်နေကြသည့် အချိန်တွင် ယခုထက်ထိ Foreign Bank များ ဖွင့်ခွင့် မပေး သေးပါကြောင်း၊ ထို့ကြောင့်  ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ် ၁၃ ဘဏ်အား မြန်မာနိုင်ငံသားများအတွက် လက်လီဝန်ဆောင်မှုကို မည်သည့်အချိန်မှာ ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာ ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ကြေညာမည်ကို  သိရှိလိုကြောင်း မေးခွန်း မေးမြန်းပါသည်။