(ဃ)-ကဒူးကြီးဒေသမှနေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်လာကြသူများ၏စားဝတ်နေရေး၊ကျန်းမာရေး နှင့် ၎င်းတို့ဘဝလုံခြုံရေးအတွက်မည်ကဲ့သို့ ကူညီ ဖြေရှင်းပေးခဲ့ပြီး မည်သည့် အတိုင်းအတာ၊ မည် သည့် အချိန်ကာလအထိ ကူညီဆောင်ရွက်ပေးနိုင် မည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွ

2017-07-06

photo၁၂-၅-၂၀၁၇ ရက်နေ့ ညနေပိုင်းတွင်  ကဒူးကြီးကျေးရွာအုပ်စုရှိ မိုက်ရှားစေးရွာနှင့် ပုံးစုတ်ရွာ နှစ်ရွာတို့သည် ရိက္ခာနှင့် လူသစ်စုဆောင်းခြင်းဖိအားများကြောင့် နားဟီးကျေးရွာ ဘုန်းတော်ကြီး ကျောင်းနှင့်  စာသင်ကျောင်းများရှိရာသို့ အိမ်ထောင်စုပေါင်း ၄၅ အိမ် စုစုပေါင်းလူဦးရေ ၂၀၉ ဦးထွက်ပြေးခိုလှုံခဲ့ကြာပါကြောင်း၊  ယခုလက်ရှိ  နားဟီးကျေးရွာတွင် မိုးကာတဲများဖြင့် စုပေါင်း နေထိုင်နေလျက်ရှိပြီး အချိန် ကာလအားဖြင့် နှစ်လတာနီးပါးကြာမြင့်ခဲ့ပါကြောင်းနှင့်  စားဝတ် နေရေး ကိစ္စများကို အလှူရှင်များပံ့ပိုးမှုဖြင်‌့ နေထိုင်နေကြရပါကြောင်း၊ ကျောင်းနေအရွယ်ကလေး များကို အ.မ.က နားဟီးတွင် ယာယီစာသင်နိုင်အောင် စီစဉ်ထားပေးပြီး ကျန်းမာရေး စောင့်ရှောက် မှုအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနရှိပါကြောင်း၊ ရာသီဥတုအခြေအနေ၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေများကြောင့် တာဝန်ရှိသူများ၊ အလှူရှင်များသည် နားဟီးကျေးရွာသို့ အရောက်သွားရောက်နိုင်ခြင်း မရှိပါကြောင်း၊

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင်ရေရှည်ရပ်တည်ရန် မလွယ်ကူသကဲ့သို့ ၎င်းတို့အမှီပြုနေထိုင်သည့်ရွာအတွက်လည်း ဝန်ထုပ်ပိုးထုပ်ဖြစ်နေဖြစ်နေသည့် အပြင် လူမှုရေး၊ ကျန်းမာရေးကိစ္စများနှင့်ပတ်သက်၍လည်း ရေရှည်ရပ်တည် နေထိုင်ရန် အခက်အခဲများစွာဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မေးခွန်း(၁) ကဒူးကြီးဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ၎င်းတို့၏ဘဝ လုံခြုံရေး အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ပါဝင်ကူညီဖြေရှင်းပေးခဲ့သည်ကိုလည်းကောင်း၊ မေးခွန်း(၂) မည်သည်‌့အတိုင်းအတာ၊ မည်သည်‌့အချိန်ကာလအထိ ကူညီဆောင်ရွက်ပေးနိုင်မည်ကို လည်းကောင်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။