(ခ)-သာစည်မြို့နယ်၊ ဟံဇားကျေးရွာရှိ (33/11) KV, (1250)KVA ထရန်စဖော်မာအား (33/11) KV, (5)MVA ဓာတ်အားခွဲရုံအဖြစ် တိုးမြှင့်တည် ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း
သာစည်မြို့နယ်၊ ဟံဇားကျေးရွာသည် လျှပ်စစ်ဓာတ်အားကို ဓာတ်အားခွဲရုံမှ ရယူ၍ 33/11 KV, 1250 KVA ထရန်စဖော်မာ နှစ်လုံးဖြင့် ဟံဇားကျေးရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဝေသုံးစွဲလျက်ရှိပါကြောင်း၊ ယခုတပ်ဆင်အသုံးပြုနေသော 1250 KVA ထရန်စဖော်မာ နှစ်လုံးသည် အမျိုးအစားမတူသည့်အတွက် ချိတ်ဆက်အသုံးပြုနိုင်ခြင်းမရှိပါကြောင်း၊ ယခုအခါ မီးမရ ရှိသေးသော ပတ်ဝန်းကျင်ရွာများသည် ကိုယ့်အားကိုယ်ကိုးမီးလင်းရေးဆောင်ရွက်ရာတွင် ဟံဇား ကျေးရွာမှတစ်ဆင့် လျှပ်စစ်ဓာတ်အားချိတ်ဆက်အသုံးပြုရမည် ဖြစ်ပါကြောင်း၊ ထိုသို့ တိုးချဲ့တပ်ဆင်ပါက လက်ရှိအသုံးပြုနေသော 1250 KVA ထရန်စဖော်မာနှစ်လုံးသည် လျှပ်စစ်ဓာတ်အား မနိုင်မနင်း ဖြစ်လာနိုင်သောကြောင့် အဆိုပါ ထရန်စဖော်မာများအစား 33/11KVA,5 MVA ဓာတ်အားခွဲရုံ တည်ဆောက်ပေးပါက လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရယူသုံးစွဲနိုင်မည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဟံဇားကျေးရွာအတွက် လိုအပ်သော 33/11 KV, 5 MVA လျှပ်စစ်ဓာတ်အားခွဲရုံအား တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။