(က)-ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့မှ ရခိုင် ပြည်နယ်၊ ဂွမြို့သို့ သွယ်တန်းသော လျှပ်စစ်ဓာတ် အားခွဲရုံ 66/11 KVA(5)MVA မှ မည်သည့်အချိန် တွင် စတင်မီးလင်းမည်ကို သိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း

2017-07-03

ဦးမြင့်ဝေရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၂၀၁၅-၁၆ ခုနှစ် ပြည်ထောင်စုအစိုးရ ဘဏ္ဍာရန်ပုံငွေမှ ကျခံ၍ ၆၆/၁၁ KVA ၅ MVA ပမာဏရှိသော ဓာတ်အားခွဲရုံကို တည်ဆောက်ခဲ့ပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို ပြည်နယ် အစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၁၄-၁၅ ခုနှစ်မှစပြီး ၂၀၁၆-၁၇ ခုနှစ်တွင် ဖြန့်ဖြူးပေးနိုင်ပါရန် ဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ဓာတ်အားဖြန့်ဖြူးရန် ကျေးရွာပေါင်း ၁၁ ရွာ၊ အိမ်ခြေပေါင်း ၁၃၇၇ အိမ်၊ ၂၀၁၆-၁၇ ခုနှစ် ဓာတ်အားဖြန့်ဖြူးရန် ကျေးရွာပေါင်းရှစ်ရွာ၊ အိမ်ခြေ ၁၁၀၀၊  ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဓာတ်အားဖြန့်ဖြူးရန် ကျေးရွာပေါင်း ၁၄ ရွာ၊ အိမ်ခြေ ၄၀၇၉ အိမ်၊ စုစုပေါင်းကျေးရွာ ပေါင်း ၃၃ ရွာ၊ အိမ်ခြေ ၆၅၅၉ အိမ် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် မတ်လတွင် မီးလင်းမည်ဟု သိထားရပြီး ယနေ့အချိန်အထိ မီးလင်းနိုင်မှုမရှိသေးပါကြောင်း၊ လက်ရှိအခြေအနေတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး (ဂွမြို့) နှင့် မြို့မီးလင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး ဒီဇယ်အင်ဂျင်စက်များဖြစ်သော ၂၅၀  KVA တစ်လုံး၊ ၃၁၅ KVA တစ်လုံး၊ ၅၀၀ KVA တစ်လုံး စုစုပေါင်း ဒီဇယ်အင်ဂျင်စက် သုံးလုံးဖြင့် မောင်းနှင်၍ ဂွမြို့ပေါ်သုံးရပ်ကွက်အား မီးပေးလျက်ရှိပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးရာတွင် တစ်နေ့လျှင် နံနက် ၅ နာရီမှ ၆ နာရီထိတစ်ကြိမ်၊ နံနက် ၇ နာရီမှ ၁၁ နာရီအထိတစ်ကြိမ်၊ ညနေ ၁၅း၃၀ နာရီမှ ၂၃ နာရီအထိတစ်ကြိမ် ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့မှ ရခိုင်ပြည်နယ်၊ ဂွမြို့သို့ သွယ်တန်းသော လျှပ်စစ်ဓာတ်အားခွဲရုံ ၆၆/၁၁ KVA ၅ MVA မှ ဂွမြို့သို့ မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ရန် မည်သည်‌့အချိန်တွင် စတင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။