(ဃ)-ပြင်ဦးလွင်မြို့နည်းပညာသင်သုတေသနဌာန ဝင်းအတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင် သည့် Vocational Trainingသင်တန်းများနှင့်AGTI ဒီပလိုမာသင်တန်းကျောင်းဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2017-10-20

ပြင်ဦးလွင်မြို့ မော်တော်ယာဉ် နည်းပညာသင် သုတေသနဌာနဝင်းအတွင်း လုပ်ငန်းခွင် ကျွမ်းကျင်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်မည့် Vocational Training သင်တန်းများနှင့် AGTI ဒီပလိုမာ သင်တန်းကျောင်း ဖွင့်လှစ်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

dr aung khinပြင်ဦးလွင်မြို့တွင် မော်တော်ယာဉ်နည်းပညာ သုတေသနဌာနသည် စုစုပေါင်း ၁၉.၃၁၁ ဧကကျော် ရှိပါကြောင်း၊ မော်တော်ယာဉ်နည်းပညာသုတေသနဌာနက ၁၉၆၅ ခုနှစ်တွင် ယခင် စိန့်အဲဘတ်သင်တန်းကျောင်း ပြည်သူပိုင်သိမ်းပြီး ပညာရေးဝန်ကြီးဌာနပိုင် ဖြစ်ခဲ့ပါကြောင်း၊  ၁၉၄၅ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ စိန့်အဲဘတ်အထက်တန်းကျောင်း ဖွင့်ခဲ့ပါကြောင်း၊ ၁၉၆၅ ခုနှစ်မှ ၁၉၆၇ ခုနှစ်ထိ အ.ထ.က (၃) ဖွင့်ခဲ့ခြင်း၊ ၁၉၆၇ ခုနှစ်မှ ၁၉၉၈ ခုနှစ်ထိ စက်မှုလက်မှု အထက်တန်းကျောင်း ၃၁ နှစ်ကြာ ဖွင့်လှစ်ခဲ့ခြင်းနှင့် ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ခုနှစ်ထိ စက်မှုဆရာဖြစ် အထူးသင်တန်းကျောင်း ဖွင့်ခဲ့ပြီး နောက်ပိုင်း ၂၀၀၆ ခုနှစ်ထိ သင်တန်းများ အသီးသီးဖွင့်ခဲ့ပါကြောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ နည်းပညာသုတေသနဌာန (ပြင်ဦးလွင်) သုတေသနလုပ်ငန်းများနှင့် ဝန်ထမ်းများ၏ B-tech Design and Drawing သင်တန်း၊ BE Manufacturing Engineering သင်တန်းများ၊ ဆရာ/မများအတွက် လက်တွေ့သင်တန်းများလည်း ဖွင်‌့လှစ်ခဲ့ပါကြောင်း၊ နောက်ပိုင်း ၂၀၁၅ ခုနှစ်မှစပြီး ယနေ့ထိ မော်တော်ယာဉ်နည်းပညာ သုတေသန (ပြင်ဦးလွင်) အဖြစ် သုတေသနလုပ်ငန်းများနှင့် နည်းပညာတက္ကသိုလ် ကောလိပ်သိပ္ပံကျောင်းများ၏ လုပ်ငန်းခွင် Industrial Training သင်တန်းများဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ထိုသုတေသနဌာနဝင်းအတွင်း AGTI ဒီပလိုမာသင်တန်းကျောင်းနှင့် အခြေခံအခြား Vocational Training များဖွင့်လှစ်ပေးပါက ဒေသအတွင်း လူငယ်များ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု အထောက်အကူဖြစ်စေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိစေမည် ဖြစ်သည့်အတွက် AGTI သင်တန်းနှင့် Vocational  Education Training သင်တန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မော်တော်ယာဉ်သုတေသနဌာတွင် ကဏ္ဍသုံးခုဖွင့်လှစ်နိုင်ပါကြောင်း၊ Engineering နှင့်ပတ်သက်သည့် AGTI သင်တန်း၊ Mechanical Electronic, ITEP, Civil in Auto Mobile လုပ်ငန်းခွင်အကြိုသင်တန်းများနှင့် အခြား Vocational သင်တန်းများ၊ သင်ထောက်ကူပစ္စည်းနှင့် သုတေသနများ ဆောင်ရွက်ပေးနိုင်သည်ဟု သိရပါကြောင်း၊ လုပ်ငန်းခွင်အကြိုသင်တန်း Industrial Training များ မဖြစ်မနေဆောင်ရွက်ရမည့် သင်တန်းများ ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင်လည်း နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ကျောင်းသူ/သား များကို လက်ရှိဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလို လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် လုပ်ငန်းခွင်တွင်လည်း တကယ်လက်တွေ့ဖြစ်သကဲ့သို့ လုပ်ငန်းခွင် ရောက်နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ဆရာ/မများအတွက် သင်ကြားမှုအတတ်ပညာ သင်တန်းကျောင်း လုပ်ငန်းခွင်အပြန်အလှန် သင်ကြား နိုင်သော Dual Training များ ဖြစ်လာစေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်လုပ်ငန်းခွင်မဝင်မီ ကြိုတင်ဆောင်ရွက်ပေးနိုင်မည့် ကာလတိုသုံးလ၊ ခြောက်လသင်တန်းများကိုလည်း သီးသန့်ဆောင်ရွက် ပေးနိုင်ခြင်းအားဖြင့်လည်း အကျိုးကျေးဇူးရှိပါကြောင်း၊

ထို့အတွက် ပြင်ဦးလွင်မြို့တွင် ၃၁ နှစ်ကြာဖွင့်လှစ်ခဲ့သော စက်မှုလက်မှုအထက်ကျောင်း နေရာရှိ မော်တော်ယာဉ် နည်းပညာသင်သုတေသန ဌာနဝင်းအတွင်း လုပ်ငန်းခွင်ကျွမ်းကျင်မှု အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် Vocational Training သင်တန်းနှင့် AGTI ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။