(ဂ)-မြန်မာနိုင်ငံ၏အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ များဖြစ်သော မူဆယ်နှင့် မြဝတီမြို့များ တွင်လေ ယာဉ်ကွင်းဆောက်လုပ်ရန် အစီအစဉ်ရှိ၊မရှိနှင့်စပ် လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ် ဆောင်ရွက်ရာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပမာဏအများဆုံးဖြစ်ပြီး တစ်ရက်လျှင် ဒေါ်လာ ၁၂ သန်းမှ ၁၄ သန်းအထိ ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များနှင့် စက်မှုကုန်ကြမ်းများ တင်ပို့ပြီး တရုတ်ဘက်မှ လူသုံးကုန်ပစ္စည်းများ လုပ်ငန်းသုံးပစ္စည်းများ၊ စက်မှုကုန်ချောများ ပြန်လည်တင်သွင်းပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးပမာဏ အများဆုံးဖြစ်သည့် မူဆယ်မြို့တွင် ကုန်သည်များသွားလာရန်နှင့် ကုန်ပစ္စည်းများတင်ပို့ရာတွင် အသုံးပြုသည့် မန္တလေး-မူဆယ်ကားလမ်းသည် တစ်ရက်လျှင် ကားအစီးရေ ၂၀၀၀ မှ ၄၀၀၀ အထိ သွားလာသောကြောင့် ယာဉ်အသွားအလာအလွန်များပြားပြီး မကြာခဏ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ပြီး ကုန်စည်စစ်ဆေးရေးဂိတ်များကြောင့် ကြန့်ကြာမှုများရှိပြီး ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်လက်ရှိဦးမည် ဖြစ်ပါကြောင်း၊ အလားတူ မြဝတီမြို့သည်လည်း နယ်စပ် ကုန်သွယ်ရေး ဒုတိယပမာဏအများဆုံးမြို့ဖြစ်သည့်အပြင် မြန်မာနှင့် အာဆီယံနိုင်ငံခြား တိုက်ရိုက်ကုန်သွယ်မှုပြုတဲ့ စီးပွားရေးတံခါးဝလည်း ဖြစ်ပါကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံမှတစ်ဆင့် အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ မလေးရှား၊ လာအို၊ ဗီယက်နမ်နှင့် အခြားနိုင်ငံများကို ကုန်စည်စီးဆင်းမှုများရှိပြီး ပြည်ပခရီးသွားဝင်ရောက်မှု အများဆုံးမြို့ဖြစ်ပါကြောင်း၊ မူဆယ်မြို့သည်လည်း ပြည်ပခရီးသွား ဝင်ရောက်မှု ဒုတိယအများဆုံးမြို့ဖြစ်ပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါတဲ့ နယ်စပ်စီးပွားရေး တံခါးဝေ တွဖြစ်သည့် မူဆယ်နှင့် မြဝတီမြို့များတွင် လေယာဉ်ကွင်းများ တည်ဆောက်ခြင်းဖြင့် ကုန်သွယ်မှု ပိုမိုမြန်ဆန်သွက်လက်လာပြီး စီးပွားရေးတိုးတက်လာမှာဖြစ်ပါကြောင်း၊ ဒေသခံများလည်း သွားလာရေး လွယ်ကူပြီး နိုင်ငံတကာခရီးသွားများ ဝင်/ထွက်သွားလာခြင်းဖြင့် ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏အဓိကနယ်စပ် ကုန်သွယ်ရေး မြို့များဖြစ်သည့် မူဆယ်နှင့် မြဝတီမြို့များတွင် လေယာဉ်ကွင်းဆောက်လုပ်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။