(ခ)-မြန်မာနိုင်ငံတော်တွင် အဆင့်မြင့်ရဲအတတ်ပ ညာကိုသင်ကြားပေးနိုင်သောနိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်အား အမြန်ဆုံးဖွင့်လှစ်ရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
2017-10-26
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့်အဖွဲ့အစည်းဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင့်ဆင့်သောမြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ သည် လုပ်ငန်းကျွမ်းကျင်မှုရှိရမယ့်အပြင် တရားဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်ရန် အထူးလိုအပ်ပါ ကြောင်း၊ မိမိတို့နိုင်ငံတော်တွင် အဆင့်ဆင့်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အထူးလေ့ကျင့် သင်ကြားပေးနိုင် ရန်အတွက် ရဲသင်တန်းကျောင်းများထက် ပိုမိုအဆင့်မြင့်သည့် နိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် အထူးလိုအပ်သည်ဟု ထင်ပါကြောင်း၊ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရေး အတွက် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။