(ဃ)-ပန်းတောင်းမြို့နယ်၊ဥသျှစ်ပင်မြို့၊ကွင်းအမှတ် (၁၅၀)၊ဦးပိုင်အမှတ် (၂၆က/၁၉)၊မြေကွက်အမှတ် (၁)နှင့် မြေကွက်အမှတ် (၂)၊ စုစုပေါင်း (ဝ.၂၀)ဧ ကအားပြန်လည်စိစစ်ပြီး ပြည်သူပိုင်မြေအဖြစ် လွှဲပြောင်းပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

2017-10-26

daw khin hinn thit၁၀-၈-၁၉၈၂ နေ့တွင် ဥသျှစ်ပင်ကျေးရွာ ကွက်သစ်အဖြစ် မြေကွက်ချထားပေးစဉ် ဥသျှစ်ပင်စည်ပင် သာယာဈေးနှင့် ကွက်သစ်(၁)ကြား အများပြည်သူသောက်သုံးရန် ရေကန်နှစ်ကန်နှင့် ရေကန်နှစ်ခု ကြားရှိ မြေကွက်အား ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ သို့မဟုတ် ရပ်ရွာခန်းမတည် ဆောက်ရန် ချန်လှပ်ခဲ့ သော မြေကွက်ဖြစ်ပါကြောင်း၊ အများပိုင်အသုံးပြုရန် ထားခဲ့သော်လည်း မြို့နယ်မြေစာရင်းရုံး တွင် တရားဝင်ဖြစ် အောင် ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ ၂၇-၁၂-၂၀၁၂ နေ့တွင် ဥသျှစ်ပင်ဒေသရှိ ဦးသန်းထွန်းပါ ၁၅ ဦးမှ တစ်ကြိမ်၊ ရပ်ရွာပြည်သူ ၈၉ ဦးမှ တစ်ကြိမ်၊ မြို့ရွာအတွက် ချန်လှပ် ထားသည့်မြေအား ပြန်လည်ရရှိလိုကြောင်း တင်ပြခဲ့ကြပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ပြည်သူအများ ပိုင်မြေကွက်ဖြစ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၊ ကွင်းအမှတ်(၁၅၀)၊ ဦးပိုင်အမှတ် (၂၆က/၁၉)၊ မြေကွက်အမှတ်(၁) ဧရိယာဧက (ဝ.၁၀)ဧက၊ စုစုပေါင်းဧက (ဝ.၂၀)ရှိ မြေအား တရားဝင်မြေအဖြစ် ပြန်လည်စိစစ်ပြီး ပြည်သူအများပိုင်မြေအဖြစ် လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းမေးမြန်းပါသည်။