(င)-ဗိုလ်တထောင် မြို့နယ်ရဲစခန်းအားအသစ်ပြန် လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

2017-11-24

daw myint myint soeရန်ကုန်တိုင်း၊ မြို့တွင်း၊ မြို့နယ်ခြောက်မြို့နယ်အတွင်း ဗိုလ်တထောင်မြို့နယ်ရှိ ရဲစခန်းတစ်ခုတည်းသာ အသေးစားပြင်ဆင်မှုမှလွဲ၍ ခေတ်အဆက်ဆက် ပြုပြင်ခြင်း၊ထိန်းသိမ်းခဲ့ခြင်းမရှိ၍ အသစ် ပြန်လည် တည်ဆောက်ခဲ့ခြင်းမျိုးလည်း မရှိခဲ့ပါကြောင်း၊ အင်္ဂလိပ်ခေတ် ၁၈၉၂ ခုနှစ်ကတည်ဆောက်ခဲ့သော ကိုလိုနီခေတ်အဆောက်အဦများဖြစ်၍ ရှေးဟောင်းအဆောက် အဦများ ဖြစ် သဖြင့် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းမှု၊ စောင့်ရှောက်မှု မရှိသည့်အတွက် ပြိုကျလုနီးနီး ပျက်စီးနေပြီ ဖြစ်ပါကြောင်း၊ မြို့မရဲစခန်းမြေနေရာသည် မြေတန်းအကွက် အမှတ်10 J၊  မြေကွက်အမှတ် ၄၊ မြေဧရိယာ ဝ.၈၂၆ ဧကရှိပြီး အလျား ၂၀၅ ပေ၊ အနံ ၁၇၈ ပေရှိပြီး ဗိုလ်တထောင် ရဲဌာနအမည်ပေါက် ပြည်သူ့လုပ်ငန်းဌာနပိုင် မြေအမျိုးအစားဖြစ်ပြီး လမ်းမတန်း မျက်နှာပွင့်သုံးဖက်ရှိသော မြေဧက အကျယ်အဝန်းဖြစ်ပါကြောင်း၊ ၁၈၉၂ ခုနှစ်တွင်  စတင်တည်ဆောက်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ရှိနေပြီသော အဆောက်အဦများဖြစ်သဖြင့် အချိန်အခါမရွေး ပြိုကျနိုင်သည့်အခြေအနေဖြစ်သဖြင့် တာဝန်ထမ်းဆောင် နေရသော ရဲအမှုထမ်းများ၊ အရာထမ်းများ၊ အချုပ်သားများနှင့် ရဲစခန်းသို့လာရောက် သော မိဘပြည်သူများအပေါ် အချိန်မရွေး အန္တရာယ် ကျရောက်နိုင်သည့်အတွက် ၎င်းရဲစခန်းအသစ်အား အသစ်ပြန်လည်တည်ဆောက် ပေးနိုင်ခြင်းအစီအစဉ်ရှိ/မရှိနှင့်တည်ဆောက်ပေးမည်ဆိုပါက မည်သည့်ကာလတွင် ပြန်လည်တည် ဆောက်ပေးမည်ကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။