(ဃ)-လည်းကူးမြို့နယ်၊ ပုတ်သင်ညိုကျေးရွာသ ဘာဝအင်းကြီးသည် ပုဂ္ဂလိကပိုင်အဖြစ် ရောက်ရှိ သွားခြင်းအား ပြန်လည်စိစစ်ပေးပါရန်နှင့်စပ်လျဉ်း သည့်မေးခွန်း

2017-10-27

u thein tanပုတ်သင်ညိုကျေးရွာသည် တိုက်ကြီး၊ ဖူးကြီး၊ ဖောင်ကြီး၊ ဘုရားကြီး ကြီးလေးကြီးလမ်း နှင့်တစ်မိုင်ခွဲ အကွာတွင်ရှိပါကြောင်း၊ ပဲခူးရိုးမတောတောင် ကိုအမှီပြုပြီး နှစ်ပေါင်းတစ်ရာကျော်သည့် ရွာဖြစ်ပါ ကြောင်း၊ ယခုအခါ ရွာသူရွာသားများ စိုက်ပျိုးလုပ်ကိုင်ခဲ့သည့်  မြေယာများ သည် ငမိုးရိပ်ရေလှောင်တမံနှင့် အမှတ်(၇၀၉)ခြေမြန်တပ်ရင်း တည်ဆောက်ရေးတို့အတွက် သိမ်းဆည်း ခံထားရပါကြောင်း၊ ဧက ၅၀ ကျော်ပါကြောင်း ၎င်း အင်းကြီးကိုဖြတ်ပြီး အင်းမြေကိုရော၊ ဘေးကတောင်မြေတွေကိုရော ယူပြီးတော့ လမ်းဖြစ်အသုံးပြုလိုက်ပါကြောင်း၊ အင်းကြီး၏ လမ်းအရှည်သည် ၄ ဖာလုံလောက်ရှိပါကြောင်း၊ အင်းကြီးကို ပတ်ခြံကာပြီး သံတခါးကိုလည်း လုပ်ထားပါကြောင်း၊  ထို့ကြောင့် ငှက်ကြီးတောင်သဘာဝအင်းကြီး ပုဂ္ဂလိကပိုင်အဖြစ် ရောက်ရှိသွားခြင်းအား ပြန်လည်စိစစ်ပေးပါရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။