(က)-သရက်-အောင်လံ ဧရာဝတီမြစ်ကူး တံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

2017-11-01

မေးခွန်း အကြောင်းအရာ 

ukanသရက်ခရိုင်အတွင်းတွင် သရက်မြို့၊ ကံမမြို့၊ မင်းတုန်းမြို့၊ မင်းလှမြို့၊ ဆင်ပေါင်ဝဲမြို့၊ အောင်လံမြို့တို့ ပါဝင်ပြီး အကျယ်အဝန်းဧရိယာစတုရန်းမိုင် ၄၆၃၂.၄၊ ဧက ၂၉၆၄၉၆၅၊ ကျေးရွာအုပ်စုပေါင်း ၃၇၇ အုပ်စု၊ ကျေးရွာပေါင်း ၁၀၃၃ ရွာ၊ ရပ်ကွက်ပေါင်း ၃၄ ရပ်ကွက်၊ အိမ်ထောင်စုပေါင်း ၁၅၈၆၉၀၊ အိမ်ခြေပေါင်း ၁၄၇၅၁၄၊ လူဦးရေ ၇၀၈၉၃၂ ယောက်ရှိပါကြောင်း၊ သရက်ခရိုင်အတွင်း နယ်မြေအသုံးချမှုသည် ဧကပေါင်း ၂၉၆၄၀၉၅ ရှိပြီး အသားတင်စိုက်ပျိုးဧက ၅၈၃၁၅၆၊ စိုက်ပျိုးနိုင်သော မြေရိုင်းဧက ၂၉၃၁၈ ဧက၊ သစ်တောကြိုးဝိုင်းဧက ၆၀၃၄၁၅ ဧက၊ အခြားသစ်တောမြေ ၁၄၉၆၈၃၊ အခြားမြေဧက ၂၅၂၁၂၃ ဧက အသီးသီးပြီး စိုက်ပျိုးနိုင်သော သီးနှံများမှာ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ ဝါအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုး ထွက်ရှိပါကြောင်း၊

သရက်ခရိုင်နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည့်ခရိုင်များမှာ အရှေ့ဘက်တွင် ရမည်းသင်း ခရိုင်၊ တောင်ငူခရိုင်၊ တောင်ဘက်တွင် ပြည်ခရိုင်၊ အနောက်ဘက်တွင် ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်၊ မင်းဘူးခရိုင်၊ မကွေးခရိုင်တို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ သရက်ခရိုင်အတွင်းတွင် အ.ထ.က ကျောင်း ၂၄ ကျောင်း၊ အ.ထ.က (ခွဲ) ၃၄ ကျောင်း၊ အ.လ.က သုံးကျောင်း၊ အ.လ.က (ခွဲ) ၁၈၇ ကျောင်းနှင့် မူလွန် ၂၀၁ ကျောင်း၊ အ.မ.က ၄၅၂ ကျောင်း၊ အ.မ.က (ခွဲ) ၆၀ ကျောင်းနှင့် စုစုပေါင်း ၉၆၁ ကျောင်း ရှိပါကြောင်း၊ တယ်။အသားတင်ကျောင်းဝင်နှုန်းမှာ ၉၈.၅၊ ၅၉ ရာခိုင်နှုန်း၊ အတန်းကျောင်းအဆင့် ကျောင်းဝင်နှုန်း ၉၅.၉၈ ရာခိုင်နှုန်း၊ အသားတင် ကျောင်း နေနှုန်း ၉၄.၆၈ ရာခိုင်နှုန်းရှိပါကြောင်း၊ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများမှာ အမှတ်(၃၁) အကြီးစား စက်ရုံ၊ အမှတ်(၁၀၂)သစ်စက်၊ အမှတ်(၉၆)သစ်စက်၊ အမှတ်(၁၇) အကြီးစားစက်ရုံ၊ ရေနံဓာတု ဗေဒစက်ရုံ၊ သံပုရာကန်သံမဏိစက်ရုံ၊ ဒရင်ဒဗိုလ်သကြားစက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ (ကျော်စွာ)နှင့် မီးခံအုတ်စက်ရုံတို့ရှိပါကြောင်း၊

သရက်ခရိုင်အတွင်း ပုဂ္ဂလိကအသေးစား၊ အလတ်စားကုန်ထုတ်လုပ်ငန်းများမှာ ဆန်စက် ၁၁၆၇ စက်၊ ပဲခွဲစက်၊ အမှုန့်ကြိတ်စက် ၄၃၄ စက်၊ မြေပဲခွဲစက် ၄၀၉ စက်၊ ဆီစက် ၃၅၇ စက်၊ ဝါကြိတ်စက် ၈ စက်၊ သစ်ခွဲစက် ၃၅ စက်၊ အရက်ချက်စက်ရုံ ၃၄ စက်၊ သောက်ရေသန့်စက် ၇ စက်၊ မလိုင်လုံးလုပ်ငန်း ၁၂ ခု၊ ခေါက်ဆွဲလုပ်ငန်း ၁၈ ခု၊ မုန့်ဟင်းခါးလုပ်ငန်း ၃၁ ခု၊ ပဲကြော်ပဲလှော်လုပ်ငန်း ၈၂ ခု၊ ရေခဲချောင်းစက်လုပ်ငန်း ၁၄ ခု၊ တောင်းနှီးဖြာလုပ်ငန်း ၅၀ ခုနှင့် အုတ်နှင့်အုတ်ကြွပ်လုပ်ငန်း ၆၀ တို့ရှိပါကြောင်း၊

လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သရက်ခရိုင်အတွင်း သရက်မြို့နယ်တွင် မော်တော်ယာဉ်လိုင်းများ ငါးခုရှိပြီး ကားအစီးရေ ၃၇ စီး၊ ကံမမြို့တွင် မော်တော်ယာဉ်လိုင်း သုံးလိုင်း၊ ကားအစီးရေနှစ်စီး၊ မင်းတုန်းမြို့တွင် မော်တော်ယာဉ်လိုင်းပေါင်းရှစ်လိုင်း၊ ကားအစီးရေ ၅၄ စီး၊ ဆင်ပေါင်ဝဲမြို့တွင် မော်တော်ယာဉ်လိုင်း ရှစ်လိုင်း၊ ကားအစီးရေ ၂၆ စီး၊ အောင်လံမြို့တွင် မော်တော်ယာဉ်လိုင်းပေါင်း ၂၁ လိုင်း၊ ကားအစီးရေ ၁၆၅ စီးရှိပါကြောင်း၊

ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၂၃ ခု၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံပိုင်ဘဏ် ၁၃ ဘဏ်၊ ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်၊ အပေါင်ဆိုင် ၃၂ ဆိုင်အသီးသီးရှိပါကြောင်း၊ သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ပေးမည်ဆိုပါက ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းမြို့များနှင့် အရှေ့ဘက်ကမ်းမြို့များသို့ အချိန်ကာလကြာမြင့်မှုမရှိဘဲ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများအဆင်ပြေချောမွေ့စွာ သွားလာလှုပ်ရှား လုပ်ကိုင် နိုင်မယ့် အခြားသောပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှာလည်း ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ပါသဖြင့် သက်ဆိုင်ရာမှ သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။