(ဃ)-မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ နားလုံ အ.ထ.ကခွဲကျောင်းအားပြီးဆုံးအောင်ဆောက်လုပ် ပေးရန် နှင့် အထက်တန်းပြဆရာမ ထပ်မံခန့်အပ် ပေးရန် အစီအစဉ်ရှိ၊ မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-06-02

မေးခွန်း အကြောင်းအရာ 

u win aungကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ဒေါ့ဖုန်းယန်မြို့၏ နားလုံအ.ထ.ကခွဲကျောင်းအား ၂၀၀၇ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်က တစ်ကြိမ်၊ ကျောင်းဆောက်ရန် ရန်ပုံငွေများချပေးခဲ့သော်လည်း ယခုထက်ထိ ပြီးဆုံးခဲ့ခြင်းမရှိဘဲ စာသင်ကြားနိုင်ခြင်းလည်းမရှိကြောင်း၊ ကျောင်းဆောင်သစ်ကြီးကို ပြီးဆုံးအောင်မဆောက်လုပ်ပါက ပျက်စီးပြိုကျမည့် အခြေအနေဖြစ်နေပါကြောင်း၊ ပျက်စီးပြိုကျမည့် ယိုယွင်းနေသည့် ကျောင်းဆောင်၏ အခြေအနေမှာ ကျောင်းပေါ်တက်လိုက်သည်နှင့် လှုပ်နေပါကြောင်း၊ ထိုကျောင်း မပြီးဆုံးသော်လည်း ယခုဆိုလျှင် အန္တရာယ်ရှိသည့် ကျောင်းဆောင်ဖြစ်နေပါကြောင်း၊ ထိုကြောင့် ယခင်ချိန်တုန်းက နယ်မြေဘတ်ဂျက်ချထားပေးသည်မှာ ငါးနှစ်ခန့်ရှိသည့်အတွက် အန္တရာယ်ဆောင်လည်း တင်ပြခွင့်ပြု၍ မရခဲ့ပါကြောင်း၊ မိမိတို့နယ်မြေ အခြေအနေ မကောင်းသည့်အတွက် ကျောင်းဆောင်ကြီးမပြီးဆုံးသော်လည်း နယ်မြေ အခြေအနေများ တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ၎င်းကျောင်းဆောင်ကြီးကို ပြီးဆုံးအောင် တည်ဆောက်ရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် ကျောင်းဆောင်ကြီးကို ပြီးဆုံးအောင် ဆောက်လျှင်လည်း ဆောက်၊ သို့တည်းမဟုတ် အန္တရာယ်ဆောင်အဖြစ် သတ်မှတ်လျှင်လည်း ၎င်း ဖြည့်စွက်ဘတ်ဂျက်တွင်၊ ဖြည့်စွက်ရန်ပုံငွေ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ နောက်တစ်ခုဖြစ်သည့် အ.ထ.ကခွဲကျောင်းတွင် တက္ကသိုလ်ဝင်တန်းကျောင်းသား/သူမရှိသော်လည်း မနှစ်က ဆို ၉ တန်းကျောင်းသူ  ၉ ဦးရှိပါကြောင်း၊ ထို ၉ တန်းကျောင်းသူ ၉ ဦးအတွက် အထက်တန်းပြ ဆရာမက တစ်ဦးတည်းရှိပါကြောင်း၊ ယခုနှစ်ဆိုလျှင် ၉ တန်းကျောင်းသူ ၁၈ ဦး ရှိလာပါကြောင်း၊ ၁၈ ဦးရှိလာသော်လည်း အထက်တန်းပြဆရာမက ယခုထက်ထိ ၁ ဦးပြရှိပါကြောင်း၊ နယ်မြေမတည်ငြိမ်သည့် နေရာတွင် ကလေးများက စစ်ဘေးရှောင်သည့် အချိန်တွင် စာမသင်ကြားရသဖြင့် ယခုနယ်မြ တည်ငြိမ်လာသည့် အချိန်တွင် စာတင်သည့် အခါလည်း ဆရာ/မဦးရေမလုံလောက်သည့်အတွက် စာသင်ကြားရန် အခက်အခဲများ ရှိနေပါကြောင်း၊ ထို့ကြောင့် နောက်ထပ်အထက်တန်းပြဆရာမများ ထပ်မံပြီးခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။