(က)-သရက်-မင်းဘူး မီးရထားလမ်းပိုင်းအား ယခု ထက်ပိုမိုတိုးတက်အောင်မည်ကဲ့သို့ဆောင်ရွက်မည် ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-11-06
မေးခွန်း အကြောင်းအရာ 

ukanသရက်-မင်းဘူးမီးရထားလမ်းပိုင်းသည် ၈၃ မိုင် ၂ ဖာလုံရှိပြီး မနက် ၅ နာရီခန့်ထွက်ပြီး မင်းဘူးကို ၁၀း၃၀၊ ၁၁း၀၀ နာရီခန့်ရောက်ပြီး မင်းဘူးမှ ၁း၃၀ ထွက်ပြီး ည ၈း၃၀ ခန့်တွင် သရက်ကို ပြန်ဝင်ပါကြောင်း၊ မိမိမှ အမြဲတမ်းသွားရောက်စစ်ဆေးသည့်အခါ မီးရထားရပ်က မန္တလေး Target ဖြစ်ပြီး လစဉ်ဝင်ငွေသည် အမြဲတမ်းကျဆင်းနေပါကြောင်း၊ ထိုနည်းတူ လမ်းပိုင်းကလည်း သွားရေးလာရေး အဆင်မပြေသည့် အခြေအနေဖြစ်ပါကြောင်း၊ Financial Regulation Principle များ အရ ရငွေကိုကောက်ခံသည့် နေရာတွင် လျာထားချက်ကို ပြည်‌့ဝစွာ ကောက်ခံရရှိမှုရှိ/မရှိ၊ အသုံးစရိတ်များကို ထိရောက်စွာ အသုံးပြုမှုရှိ/မရှိဆိုသည့် မူများရှိပါကြောင်း၊ နောက်တစ်ခုက အသုံးစရိတ်ကိုလည်း ထိရောက်တွင်ကျယ်စွာ သုံးနိုင်မှု၊ အကျိုးရှိစွာမသုံးနိုင်သည့် အခြေအနေတွင် ရှိပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ် မတ်လအထိ ပြင်ဆင်စရိတ်က ၂၀.၄၀၆ သန်း၊ လမ်းခင်းကျောက်က ကျင်း ၂၀၀ ကို ၁၇.၆၉၆ ကျပ်သန်း၊ နောက် လမ်းခင်းကျောက်ထည့်သွင်းခြင်း ၁.၂၂၆ သန်း ခွင့်ပြုချထားသော်လည်း မိမိမှသွားရောက်စစ်ဆေးသည့်အခါ မြေနီများချထားသည်ကို တွေ့ရှိရပါကြောင်း၊

Operating Ratio တစ်နည်းအားဖြင့် Performance Ratio အရ လျာထားချက်ရငွေနှင့် အမှန်ကောက်ခံရငွေ နှိုင်းယှဉ်လိုက်မည်ဆိုပါက အချိုးမမီပါကြောင်း၊ နောက် အသုံးစရိတ်များ ခွင့်ပြု ထားသော်လည်း တကယ်ကျခံသုံးစွဲသည့် နေရာသို့ သွားရောက်စစ်ဆေးသည့်အခါ မြေနီများ ပုံထားခြင်း၊ ဇလီဖားတုံးများ ခုထားရခြင်းဖြစ်သည့်အတွက် စက်သတ်ပြီး ဖြည်းဖြည်းချင်း သွားရပါကြောင်း၊ အခုပိတ်ရက်အတွင်း မိမိမှ သွားရောက်ကြည့်ရှုသော်လည်း ပြင်ထားခြင်း မရှိသေးပါကြောင်း၊ ၎င်း ကျေးရွာရှိ ပြည်သူများမှလည်း မီးရထားလမ်းကို အားကိုးနေရသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။