(ဃ)-မြစ်သားမြို့နယ်အမှတ်(၄)ခရိုင်ပတ်လမ်းအား ကတ္တရာလမ်းအဖြစ်အဆင့်တိုးမြှင့်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-11-14
dr linnမေးခွန်း အကြောင်းအရာ 

မြစ်သားမြို့နယ်၏ အမှတ်(၄)ခရိုင် ပတ်လမ်းသည်  ခရိုင်ချင်းဆက်လမ်းအမှတ်(၂)နှင့် သပြေ တောင်ရွာသာလမ်းတို့ကို ချိတ်ဆက်ထားသည့် Class(A)ဝင်လမ်းဖြစ်ပါကြောင်း၊ ခရိုင်ချင်းဆက် အမှတ်(၂)လမ်းသည် ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်ကို ချိတ်ဆက်ထားပြီး ကျောက်ဆည် မြို့နယ်၊ မြစ်သားမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်အထိ သွားလာနိုင်သည့်လမ်း ဖြစ်ပါ ကြောင်း၊ သပြေတောင်-ရွာသာလမ်းသည် မြစ်သားမြို့နယ်မှ  ရွာများသာမက ဝမ်းတွင်း မြို့နယ်ရှိ ရွာအများစုအတွက်ပါ အရေးပါသည့်လမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းနှစ်လမ်းကို ချိတ်ဆက်ပေးမည့် ခရိုင်ပတ် လမ်းအမှတ်(၄)ကို အဆင့်မြင့်ပေးနိုင်မည်ဆိုပါက တိုက်ရိုက် အကျိုးပြုအိမ်ခြေ ၁၅၀၀၊ လူဦးရေ ၇၀၀၀ ကျော်နှင့် ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်က ရွာများပါ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြစ်သားမြို့နယ်အမှတ်(၄) ခရိုင်ပတ်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။