(င)-သနပ်ပင်မြို့နယ်၊ မင်းရွာ-ကျောင်းစု သစ်သား တံတားနှင့်တာဝ-ရေတံခါးသစ်သားတံတားအားသံ ကူကွန်ကရစ်တံတားများအဖြစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-11-14
မေးခွန်း အကြောင်းအရာ 

umyintသနပ်ပင်မြို့နယ်ရှိ မင်းရွာ-ကျောင်းစု စစ်တောင်း တူးမြောင်းဖြတ်တံတားကို ၂၀၀၃ ခုနှစ်က တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ကျော်အတွက် အင်မတန်အရေးပါသော စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အကျိုးပြုသည့် တံတားဖြစ်ပါသည့်နည်းတူ ရေတံခါးတာဝ စစ်တောင်း-ပဲခူးဖြတ်တံတားသည်လည်း ကျေးရွာပေါင်း ၃၀ ကျော်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ် အတွက် အလွန်အရေးပါသည့် တံတားဖြစ်ပါကြောင်း၊

ယခုအချိန်တွင် မင်းရွာ-ကျောင်းစုတံတားနှင့် ရေတံခါးတာဝ တံတားနှစ်စင်းလုံးသည် တိုင်များ၊ ယက်မများ၊ ယောက်တန်းများ၊ အခင်းများပါ ယိုင်နဲ့ကျိုးပေါက်ဆွေးမြည့်နေသည့်အတွက် စက်ဘီးွ၊ ဆိုင်ကယ်၊ ကားများနှင့် လူများအတွက်ပါ အလွန်အန္တရာယ်များတဲ့ အခြေအနေမှာဖြစ်နေ ပါကြောင်း၊ နှစ်စဉ်ပြုပြင်မှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ လုံးဝပြုပြင်နိုင်ခြင်းမရှိသည့် အခြေအနေဖြစ်နေပါကြောင်း၊ ထို့ကြောင့် အဆိုပါ တံတားများကို ခိုင်ခန့်ပြီး့ အရှည်တည်တံ့နိုင်မည့် သံကွန်ကရစ်တံတားများအဖြစ် တည်ဆောက်ပေးပါက ပဲခူး၊ ဝေါ၊ ကဝ၊ သနပ်ပင်မြို့နယ်များရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အကျိုး ဖြစ်ထွန်းမည်ဖြစ်ခြင်းကြောင့် အနီးစပ်ဆုံးဘတ်ဂျက်တွင် ထည့်သွင်းတည်ဆောက်ပေးရန် တင်ပြရခြင်းဖြစ်ပါကြောင်း၊

ထု့ိကြောင့် သနပ်ပင်မြို့နယ် ပဲခူး-စစ်တောင်းတူးမြောင်းဖြတ်တံတားများဖြစ်သည့် မင်းရွာ-ကျောင်းစု သစ်သားတံတားနှင့် တာဝရေတံခါးသစ်သားတံတားအား သံကွန်ကရစ်တံတားများ အဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ တည်ဆောက်ပေးရန်ရှိပါက မည်သည့် ဘတ်ဂျက်နှစ်တွင် တည်ဆောက်ပေးမည်နှင့် တည်ဆောက်ပေးရန် အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။