(ဂ)-ဖောင်းပြင်မြို့နယ်ရှိရောင်ဟီးအ.လ.က(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ်၊ မိုင်းချောင်းနှင့် ဟဲလှော် အ.ထ.က(ခွဲ)နှစ်ခုအား အခြေခံပညာ အထက်တန်းကျောင်းအဖြစ်၂၀၁၇- ၂၀၁၈ ပညာသင်နှစ်တွင် တိုးမြှင့်ပေးနိုင်ခြင်းရှိ၊မရှိ တို့နှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ဖောင်းပြင်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးမှ ကျောင်းများအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုရန် ဦးစားပေး အစီအစဉ်ဖြင့် အဆိုပြုထားသော One Line ပုံစံများကိုလည်း မိမိ၏မေးခွန်းနှင့်အတူ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသလိုအပ်ချက်နှင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် ပညာရေးဌာန၏ သတ်မှတ်အညွှန်းကိန်းများကို အနည်းငယ်ဖြေလျှော့ စဉ်းစားပေးပြီးမှ အဆိုပါကျောင်းများတွင် ပါဝင်သည့် (၁) ဦးစားပေးအဆင့်တစ်တွင်ရှိသော ရောင်ဟီး အ.လ.က (ခွဲ) အား ယခု ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းကျောင်းသို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ၊ (၂) ဦးစားပေးအဆင့် တစ်နှင့်နှစ်တွင်ရှိသော မိုင်းချောင်း အ.ထ.က(ခွဲ)နှင့် ဟဲလှော် အ.ထ.က(ခွဲ)တို့အား အ.ထ.က များ အဖြစ်သို့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ဒေသခံပြည်သူများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။