(စ)-ယင်းမာပင်မြို့နယ်၊ညောင်တန်းကျေးရွာအခြေခံ ပညာမူလတန်းကျောင်းတွင် (၁၂၀ ပေ x ၃၀ ပေ x၁၅ပေ)တစ်ထပ်အုတ်ညှပ်ကျောင်းဆောင်ဆောက် လုပ်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ယင်းမာပင်မြို့နယ် ညောင်တန်းကျေးရွာတွင် ယခင် ယင်းမာပင်မြို့နယ်၊ ယမောင်တိုင် ကျေးရွာအုပ်စု၊ ညောင်တန်းကျေးရွာ တွဲဖက်အခြေခံပညာမူလတန်း ကျောင်း ဖွင့်လှစ်ခွင့်ရရှိခဲ့စဉ်က ယာယီကျောင်းဆောင်အဖြစ် (၆၀ x ၃၀) ထန်းလျက်မိုး၊ ကတ်ကာ အဆောက်အဦကို ကျေးရွာပြည်သူများထည့်ဝင်ငွေဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ပြီး ကျောင်းသားများကို စာသင်ကြားခဲ့ရပါကြောင်း၊
ယခုအခါညောင်တန်းကျေးရွာ တွဲဖက်အခြေခံမူလတန်းကျောင်းအဆင့်မှ အခြေခံပညာမူလတန်း ကျောင်းအဖြစ် ဖွင့်လှစ်ခွင့်ရရှိပြီး ကိုယ်ထူကိုယ်ထ ပေ ၁၂၀ x ပေ ၃၀ x ၁၅ ပေ ကွန်ကရစ်တိုင် သွပ်မိုးအဆင့်အထိ ကျောင်းဆောင်အဆောက်အဦကို ဆောက်လုပ်ပြီးစီးနေပြီဖြစ်သော်လည်း အပြီးသတ် ဆက်လက် ဆောက်လုပ်ရန် အခက်အခဲရှိနေပါသဖြင့် နိုင်ငံတော်မှ အပြီးသတ်ဆောက်လုပ်နိုင်ရန် အရေးတကြီး တောင်းခံရခြင်း ဖြစ်ပါကြောင်း၊ ကျောင်း၏ ကျောင်းအဆောက်အဦသည် ကွန်ကရစ်တိုင်နှင့် သွပ်မိုးသာရှိပြီး အကာအရံလုံးဝမရှိပါသဖြင့် မိုးတွင်းကာလတွင် စာသင်ကြားရေး အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် ယင်းမာပင်မြို့နယ် ညောင်တန်း ကျေးရွာ အခြေခံပညာကျောင်းအတွက် လိုအပ်လျက်ရှိသော ၁၂၀ x ၃၀ x ၁၅ ပေ အုတ်ညှပ် အထပ်ဆောင် ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။