(ခ)-၂၀၁၇-၁၈ ဘဏ္ဍာနှစ် ခွင့်ပြုပြီး ငွေလုံးငွေရင်း အသုံးစရိတ်များကို အကုန်အစင် သုံးစွဲနိုင်ရေး အ တွက် ဘဏ္ဍာနှစ်အတွင်း အချိန်မီ ဆောက်လုပ် ခြင်း၊ ဝယ်ယူခြင်းများကို လအလိုက် ဆောင်ရွက်ရ မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်မှုကို သိလို ကြောင်း နှင့်စပ်လျဉ်းသည့် မေးခ
မေးခွန်း အကြောင်းအရာ
နိုင်ငံတော်၏ စီးပွားရေးကျဆင်းမှုဒဏ် ကင်းလွတ်ပြီး စီးပွားရေးတိုးတက်စေရန် ကြိုးစားဆောင်ရွက် နေသည့် အချိန်တွင် ရရှိမည့် ဝင်ငွေများကို မှန်ကန်စွာ၊ ထိရောက်စွာ အသုံးစရိတ်များဖြစ်ရေး ဝိုင်းဝန်းစဉ်းစား ဆုံးဖြတ်နေရသဖြင့် ခွင့်ပြုမိန့် ငွေလုံးငွေရင်း အသုံးစရိတ်များ ရရှိရန် လွန်စွာ ခက်ခဲပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ရသုံးမှန်းခြေငွေစာရင်းတွင် သာမန်ရငွေများ စုစုပေါင်း ရငွေထဲမှ ငွေလုံးငွေရင်း အသုံးစရိတ်နှင့် သာမန်အသုံးစရိတ်ကို ခွဲဝေပြဘတ်ဂျက်ဖြင့် ရေးဆွဲရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများမှ ဘတ်ဂျက်စာရင်းများကို ပြုစုရေးဆွဲပြီး ဝန်ကြီးဌာနအားလုံးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်ပြီး အစိုးရအဖွဲ့သို့ တင်ပြခြင်း၊ အစိုးရအဖွဲ့မှ စီးပွားရေးကော်မရှင်သို့ တင်ပြခြင်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်မှ စိစစ်ပြီး ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုခြင်းစသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်ပြီးမှ နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးထုတ်ပြန်ပါကြောင်း၊
ဘတ်ဂျက်လုပ်ငန်းစဉ်တွင် ယင်းအဆင့်များ ပြီးရုံမျှဖြင့် ပြီးမြောက်ပြီဟူ၍ မယူဆပါကြောင်း၊ ရငွေအပိုင်းမှာ အတည်ပြုထားသည့် ကိန်းဂဏန်းများ ကျော်လွန်ရရှိရန် ဆောင်ရွက်နေရသကဲ့သို့ အသုံးစရိတ်များကိုလည်း ထိရောက်စွာသုံးစွဲခြင်း၊ ဘတ်ဂျက် သုံးစွဲငွေအပေါ် စာရင်းစစ် စစ်ဆေးခံသဖြင့် စရိတ်များ ဖြစ်စေခြင်းစသည်တို့ကို ပွင့်လင်းမြင်သာစွာ ရှိခြင်းတို့ဖြင့် ဆောင်ရွက်ပြီးမှသာ ဘတ်ဂျက်လုပ်ငန်းစဉ်တွင် ပြီးမြောက်သည်ဟု သုံးသပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သတ်မှတ်ထားသော ဘဏ္ဍာရေးနှစ်သည် ဧပြီလ ၁ ရက်နေ့မှ နောက်နှစ် မတ်လ ၃၁ ရက်နေ့ထိဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခွင့်ပြုငွေလုံးငွေရင်း အသုံးစရိတ်များအတွက် ဝန်ကြီးဌာန အသီးသီးက လက်အောက်ခံ လုပ်ငန်း၊ ဌာနများသို့ ခွင့်ပြုချက် အကြောင်းကြားခြင်း၊ တင်ဒါခေါ်ယူခြင်း၊ တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများအား စိစစ်ရွေးချယ် အတည်ပြုခြင်း၊ လုပ်ငန်းများ မြေပြင်တွင် စတင် ဆောက်လုပ်ခြင်း၊ နိုင်ငံခြားမှ စက်ပစ္စည်းမှာခြင်း စသည့် လုပ်ငန်းအဆင့်ဆင့်အပေါ် အချိန်နှင့်တပြေးညီ စီမံချက်ချမှုများ ရှိ/မရှိ၊ ရှိပါက ထိုအစီအစဉ်များကို ပြည်သူများ သိခွင့်ရနိုင်ရှိ/မရှိကို ဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောပြစေလိုပါကြောင်း၊
ဘတ်ဂျက်ကို ကုန်အောင်သုံးသင့်သလဲဆိုသည်မှာ မိမိတို့ အတွေ့အကြုံအရ ၂၀၁၆ ခုနှစ် ဇူလိုင်လက မကွေးတိုင်းဝန်ကြီးချုပ် ချောက်မြို့ကိုလာချိန်တွင် ချောက်ဆေးရုံနှင့် တိုက်နယ်ဆေးရုံကြီးကို ဘတ်ဂျက်အမီ လုပ်ပေးရန် ပြောကြားရာတွင် ဝန်ကြီးချုပ်က ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားသွားပါကြောင်း၊ ပြီးခဲ့တဲ့နှစ်ကလည်း ငွေလုံးငွေရင်း သန်းပေါင်းများစွာ အများကြီး အပ်သည်ဟု ပြောကြားသွားပါကြောင်း၊ မိမိတို့ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အကြီးအကဲများ တွေ့ဆုံမေးမြန်းရာတွင်လည်း ၂၀၁၅-၂၀၁၆ ခုနှစ်က အောက်တိုဘာလစာရင်း ငွေလုံးငွေရင်းအပ်ငွေတွင် သန်းပေါင်းမြောက်မြားစွာ ရှိသည်ဟု သိရှိရပါကြောင်း၊
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုပြီး ငွေလုံးငွေရင်းအသုံးစရိတ်များကို ထိရောက်စွာ အကုန်အစင်သုံးစွဲနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအချိန်မီဆောက်လုပ်ခြင်း၊ ပစ္စည်းများ ဝယ်ယူခြင်းများကို ပြီးမြောက်စေရန် လအလိုက်ဆောင်ရွက်ရမည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်မှုများကို သိရှိလိုကြောင်း မေးမြန်းပါသည်။