(က)-လွိုင်လင်မြို့နယ်၊ ဟွေတောက် သစ်သား တံတားအား သံကူကွန်ကရစ်တံတား အဖြစ်နှင့် မိုင်းပွန်တိုက်နယ် ကျေးရွာအုပ်စုမှ တောင်ကြီးဖေး ရွာထိ မြေသားလမ်းအား ကျောက်ချောလမ်း၊ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီ အစဉ် ရှိ၊မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-05-30

မေးခွန်း အကြောင်းအရာ 

u khin mg thiရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်တိုက်နယ်ကျေးရွာအုပ်စုမှ နားယမ်း ကျေးရွာအုပ်စု တောင်ကြီးဖေးရွာသို့သွားသည့်လမ်းပေါ်တွင်ရှိသည့် တိဟေးကျေးရွာအနီးရှိ ဟွေတောက်ချောင်းကူး အလျား ၆၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၃ ပေရှိ သစ်သားတံတားသည် ရာသီဥတုဒဏ်ကြောင့် လည်းကောင်း၊ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များ၊ ထော်လာဂျီများ၊ မော်တော်ဆိုင်ကယ်များ၊ နွားလှည်းများ အသုံးပြုမှုများပြားသောကြောင့် အောက်ခြေကြမ်းခင်းများ၊ ဘေးနံရံများယိုယွင်းပျက်စီးနေပြီး ပြိုကျပျက်စီးရန် အန္တရာယ်ရှိနေပါ၍ အချိန်မီပြုပြင်အသစ် တည်ဆောက်ပေးနိုင်ပါရန်နှင့် မိုင်းပွန်တိုက်နယ်ကျေးရွာ အုပ်စုမှ နားယမ်းကျေးရွာအုပ်စု တောင်ကြီးဖေးရွာလမ်းသို့သွားသည့် မြေသားလမ်းအား ဒေသအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထေက်အကူပြုနိုင်ရန်ရည်ရွယ်လျက် လက်ရှိမြေသားလမ်းမှ ကျောက်ချောလမ်း၊ ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန် ဒေသခံများက တင်ပြလာကြပါကြောင်း၊ ထို့ကြောင့် လွိုင်လင်မြို့နယ်၊ ဟွေတောက်ချောင်းကူ အလျား ၆၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၃ ပေရှိ အန္တရာယ်ရှိ သစ်သားတံတားနေရာတွင် သံကူကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ပေးရန်နှင့် မိုင်းပွန် တိုက်နယ် ကျေးရွာအုပ်စုမှ တောင်ကြီးဖေးရွာအထိမြေသားလမ်းအား ကျောက်ချောလမ်း၊ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည့်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်တို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။