(ဃ)-ထီးချိုင့်မြို့နယ်အတွင်းရှိ အမှတ်(၃) ခရိုင် ချင်းဆက်လမ်း (ငပိချောင်း- မရသိမ်လမ်း) အား မြေပေါင်တင် ကျောက်ချောလမ်း ခင်းပေးရန် အစီ အစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်နှင့် ရွှေဘိုခရိုင် ဆက်သွယ်ထားသည့် အမှတ်(၃)ခရိုင်ချင်း ဆက် လမ်း ထီးချိုင့်မြို့နယ်အပိုင်းအနေနှင့် မရသိမ် ကျေးရွာမှ ငပိချောင်းကျေးရွာအထိ ၁၇ မိုင် လေးဖာလုံ ရှည်လျားပြီး ငပိချောင်း၊ ဗဟိုကုန်း၊ တုံငယ်၊ မြကန်သာ၊ ဝဲကြီး၊ ချွန်းတောင်၊ ဂွေးပင် ချောင်း၊ ကျွန်း ချောင်း၊ ကြက်ဆူချောင်း၊ ဖတည် ပဲခူးချောင်းနှင့် မရသိမ်စသည့် တောင်ခြေ တစ်တန်း ကျေးရွာများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့ကို အကျိုး ပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါလမ်းပိုင်းကို ဆရာတော်များက ဦးဆောင် ဦးရွက်ပြုပြီး မတည်ငွေ၊ ကျေးရွာနေပြည်သူများမှ အလှူငွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ကမ္မကထပြုသော နီကယ်လ်ကုမ္ပဏီမှ အလှူငွေအပြင် ကိုယ်စားလှယ်များပူးပေါင်းဆောင်ရွက်သည့် တိုင်းဒေသကြီးတင်ဒါပိုလျှံငွေမှ ထည့်ဝင်ငွေများနှင့်အတူ ကိုယ်ထူကိုယ်ထလမ်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစ၍ ဖောက်လုပ်ခဲ့ရာ ယခုအခါ နွေရာသီတွင် ဆက်သွယ်သွားလာနိုင်သော မြေပေါင်တင်လမ်းအဖြစ် ဖောက်လုပ်နိုင်ခဲ့ပါကြောင်း၊ သို့သော် မိုးတွင်းကာလရောက်ရှိလာပါက မြေသားလမ်းဖြစ်ပြီး တံတားကူးများစွာရှိခြင်းကြောင့် ရာသီမရွေး ချောမောလွယ်ကူစွာ သွားလာနိုင်ရန်အတွက် ထီးချိုင့်မြို့နယ်အတွင်းမှာရှိ အမှတ်(၃)ခရိုင် ချင်းဆက်လမ်း ငပိချောင်း-မရသိမ်လမ်းအား ရာသီမရွေးသွားလာနိုင်သော မြေပေါင်တင်ကျောက်ချော လမ်းခင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။