(က)- ကျောက်တန်းမြို့နယ် သစ်တောမြေဧရိယာ အတွင်းရှိ ဦးမင်းဝိုင် အား ငှားရမ်းထားသော မြေ (၁၀)ဧကအတွက် (၁)ဧက (၅၀၀)ကျပ် ဖြစ်ပါသ လား၊ (၁) ဧက သိန်း ( ၅၀ ) ကျပ် ဖြစ်ပါသလား၊ မည်သည်က အမှန်ဖြစ်ပါသလဲ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-05-31

မေးခွန်း အကြောင်းအရာ 

aye mya mya myoမိမိအနေဖြင့် ကျောက်တန်းမြို့နယ်တွင်ရှိသော သစ်တောဦးစီးဌာနက စီမံခန့်ခွဲသည့် မြေစာရင်းကို သိရှိလိုသည့်အတွက် စုံစမ်းခဲ့ရာတွင် သစ်တောဦးစီးဌာန၏ ဦးစီးအရာရှိက ဘန့်ဘွေးကုန်းကြိုးဝိုင်း ၅၅၃ ဧကအတွင်း ပုဂ္ဂလိက စိုက်ခင်း ၁၀ ဧကအား နှစ် ၃၀ မြေငှားထားပြီး တစ်နှစ်မှခုနစ်နှစ်အထိ တစ်ဧက ၅၀၀ ကျပ်နှုန်း နိုင်ငံတော်သို့အခွန်ပေးသွင်းဆောင်ရွက်စေခဲ့ပါသည်ဟု ဖြေကြားခဲ့ပါ ကြောင်း၊ အဆိုပါ ၁၀ ဧကတွင် ရှေးဟောင်းဘုရားတည်ရှိရာ သွားသည့်လမ်းကို ပိတ်ထားသည့် အတွက် ရွာသူရွာသား ၆၀ ကျော်က လက်မှတ်ရေးထိုးပြီး အကူညီတောင်းခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးကို အကူအညီတောာင်းခံခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးမှ သစ်တောကြိုးဝိုင်းအတွင်းမှာပါဝင်ပြီး မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းက ရော်ဘာ စိုက်ပျိုးထားသော မြေ ၁၀ ဧကကို ဦးမင်းဝိုင်က တစ်ဧကလျှင် သိန်း ၅၀ ဖြင်‌့ စုစုပေါင်း သိန်း ၅၀၀ ပေးလျော်ပြီး သစ်တောဦးစီးဌာနနှင်‌့ လုပ်ကိုင်ခွင့်စာချုပ်ချုပ်ဆိုကာ လိမ္မော်ပင်များ စိုက်ပျိုးခဲ့ ကြောင်း၊ လိမ္မော်ပင်များပျက်စီးမည်စိုးရိမ်သဖြင့် စေတီတော်သို့သွားရာလမ်းကိုပိတ်ထားခဲ့ကြောင်း ၁၀-၁၀-၂၀၁၆ ခုနှစ်တွင် ကျောက်တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ ခေါ်ယူညှိနှိုင်းမှုအရ စေတီတော်သို့သွားရာလမ်းကို ပြန်လည် အသုံးပြုခွင့်ပေးမည်ဟု နှုတ်ကတိပေးခဲ့ပါကြောင်း ပြန်လည်အကြောင်းပြန်ကြားလာပါကြောင်း၊

အဆိုပါ သစ်တောထဲတွင် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ်များ၊ ဘုရား စေတီများလည်း တည်ရှိနေပါကြောင်း၊ ထို့ပြင် ကျောက်တန်းမြို့နယ်ပြည်သူလူထုက အားထားရသော ဘန့်ဘွေးကုန်းဆည်ကြီးသည် ပျားလိမ္မော်ခင်းများနှင့် ထိစပ်နေသောကြောင့် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများသုံးစွဲရာမှ ရေထုညစ်ညမ်းခြင်းနှင့် ရှေးဟောင်းအမွေ အနှစ်တွေ ပျောက်ပျက်ခြင်းများကိုလည်း စိုးရိမ်ပူပန်နေရပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာန (၂)မှ ပြန်လည်အကြောင်းပြန်သည့် ဖြေကြားချက်များတွင်လည်း မြေငှားရမ်းခသည် ကွာခြားနေခြင်းပေါ် မြေငှားရမ်းခအမှန်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။