(ဂ)-ပူတာအိုမြို့နယ်၊ ဒုတ္တန် အခြေခံပညာအထက် တန်းကျောင်း၏ ခါကာဘိုကျောင်းဆောင်(နှစ်ထပ်) ဆောင် အဟောင်းအား ကျောင်းဆောင်အသစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပူတာအိုမြို့တွင် မူလတန်းကျောင်း သုံးကျောင်းသား ရှိပါကြောင်း၊ ဒုတ္တန်အခြေခံပညာ အထက်တန်းကျောင်းသည် ကျောင်းသားဦးရေ ဒုတိယအများဆုံး တက်ရောက်သော စာသင် ကျောင်းဖြစ်ပါကြောင်း၊ ဒုတ္တန်အခြေခံပညာအထက်တန်းကျောင်းဆောင်သည် ၁၉၆၉ ခုနှစ်တွင် တည်ဆောက်ခဲ့သော အလျား ၁၆၄ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေရှိသော ကျောင်း ဆောင်ဖြစ်ပြီး သက်တမ်းအားဖြင့် ၄၈ နှစ်ကြာမြင့်ခဲ့ပြီး ယခုအခါ ကျောင်း၏တိုင်ခြေများ၊ သစ်သားကြမ်းခင်းများ၊ ပျဉ်ခါများ၊ ပြတင်းပေါက်များ၊ တံခါးကြီးများ၊ ဝရံတာ များ၊ လှေကားနှင့်လှေကားခုံများ၊ မျက်နှာကျက်များ၊ သွပ်မိုးများမှာ ဆွေးမြေ့ပျက်စီးလျက်ရှိပါကြောင်း၊
ယခုအခါ အဆိုပါကျောင်းဆောင်သည် အန္တရာယ်ရှိကျောင်းဆောင်ဖြစ်၍ သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ချက်ချင်းပြိုလဲနိုင်သော ကျောင်းဆောင်ဖြစ်သည့်အတွက် ဒုတ္တန်အခြေခံပညာအထက်တန်းကျောင်း၏ ခါကာဘိုကျောင်းဆောင် (နှစ်ထပ်)ဆောင် အဟောင်းအား ကျောင်းဆောင်အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်၊ ရှိပါ က မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။