(င)-ကြို့ပင်ကောက်မြို့နယ်ခုတင်(၅၀)ဆံ့ပြည်သူ့ ဆေးရုံကြီးကို ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဆရာဝန် များ ပါဝင်သော ခုတင် (၁၀၀) ဆံ့ စံကိုက်ဆေးရုံ သို့ အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကြို့ပင်ကောက်မြို့သည် ရန်ကုန်-ပြည်အဝေးပြေးကား လမ်းမကြားတွင် တည်ရှိပြီး အရှေ့ဘက်တွင် ကျောက်တံခါးမြို့နယ်၊ အနောက်ဘက်တွင် မိုးညိုမြို့နယ်၊ မြောက်ဘက်တွင် ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်၊ တောင်ဘက်တွင် အုတ်ဖိုမြို့နယ်နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည့် မြို့ဖြစ်သည့်အပြင် မြေပြန့်ဒေသဖြစ်သည့်အတွက် ရာသီမရွေးသွားလာနိုင်သည့် ကျောက်ခင်းလမ်း ရှိသဖြင့် လူဦးရေသိပ်သည်းမှု ရှိသည့်အတွက် မြို့၏စီးပွားရး ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် အတူ ပြည်သူလူထုက ဆေးရုံအပေါ်ပံ့ပိုးကူညီသည့် လုပ်ငန်းများ၊ ဆင်းရဲနွမ်းပါး လူနာများအတွက် ဆေးရုံတက်စဉ် လိုအပ်သည့် အာဟာရနှင့်အစားအသောက် အစီအစဉ်များ၊ အလှူငွေထောက်ပံ့မှုများ၊ ရွှေနှလုံးသား သွေးအလှူရှင်အသင်း၊ လူမှုကူညီမှုအသင်း၊ ဆင်းရဲနွမ်းပါးလူနာများအတွက် ကျန်းမာရေးကူညီမှု ဖောင်ဒေးရှင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုများသည် အားကောင်းလှပါကြောင်း၊ ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခုတင်အဆင့် တိုးမြှင့်ပေးရန် လိုအပ်သည့်အခြေခံမူများ၊ အညွှန်းကိန်းများနှင့်လည်း ကိုက်ညီမှုရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်းမားရေးဌာန၏ လုပ်ထုံးလုပ်နည်းများ အဆင့်ဆင့်ဆောင်ရွက်ထားရှိသည်ကိုလည်း သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံကြီးကို သတ်မှတ်စံနှုန်း၊ ခွဲနှုန်း၊ သားဖွားခန်းများနှင့် ဆရာဝန်များ ပါဝင်သော ခုတင် (၁၀၀) ဆံ့ စံကိုက်ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။