(စ)-လွိုင်လင်ခရိုင် အားကစားကွင်း အတွင်းရှိ ဘောလုံးကွင်း၊ အပြေးပြိုင်ပွဲ ပြေးလမ်းကြောင်း အား ပြုပြင်ပေးရန်၊ ဘောလုံးပွဲ ပွဲကြည့်စင်နှင့် မိုးလုံလေလုံ အားကစားရုံအား အသစ် တည် ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2017-06-05

မေးခွန်း အကြောင်းအရာ 

khin mg thiကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်မှု TSDP အစီအစဉ်ကို ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် အားကစားကွင်းအတွင်း ၁၅.၁.၂၀၁၇ ရက်နေ့ နံနက်ပိုင်း မီနီမာရသွန် အပြေးပြိုင်ပွဲများနှင့် စတင်ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် ဖွင့်ပွဲအခမ်းအနား ဘောလုံးပြိုင်ပွဲများနှင့် အခြားသော အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ပါကြောင်း၊ ဌာနဆိုင်ရာများ မိဘပြည်သူများနှင့်အတူ တက်ရောက်အားပေးခဲ့ပါကြောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် လွိုင်လင်ခရိုင် အားကစားကွင်း ပြုပြင်ပေးနိုင်ပါရန် အားကစားဝါသနာရှင် မိဘပြည်သူများမှ တင်ပြတောင်းခံ လာပါသဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် အားကစားကွင်းအတွင်းရှိ ဘောလုံးပွဲပွဲကြည့်စင် အသစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးပါမည်နည်း။ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်နည်း။ လွိုင်လင်ခရိုင်အားကစားကွင်းရှိ ဘောလုံးပြိုင်ပွဲကျင်းပသည့် ဘောလုံးကွင်း ပြုပြင်မွမ်းမံပေးရန် အစီအစဉ်ကိုလည်း သိလိုပါကြောင်း၊ လွိုင်လင်ခရိုင် အားကစားကွင်းအတွင်းရှိ မီတာ ၄၀၀ အပြေးပြိုင်ပွဲကျင်းပသည့် အပြေးပြိင်ပွဲပြေးလမ်းအား ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် လွိုင်လင်ခရိုင်အတွင်း အားကစားပြိုင်ပွဲများကျင်းပရန် မိုးလုံလေလုံ အားကစားရုံသစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။