(စ)-ပေါက်တောမြို့နယ်၊ ပေါက်တော-မင်းပြား လမ်းပေါ်ရှိ ရွာချောင်းကြီး တံတားကို အဆင့်မြှင့် တင်ပေးရန် အစီအစဉ်ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-07

မေးခွန်း အကြောင်းအရာ 

u aung kyaw zanပေါက်တောမြို့နယ် ရွာချောင်းကြီးတံတားသည် ပေါက်တောမြို့နှင့် နှစ်မိုင်ခွဲခန့်သာ ကွာဝေးပါကြောင်း၊ ရွာချောင်းကြီးတံတားကို ၂၀၀၃-၂၀၀၄ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ကားများသွားလာပါက တစ်ဂျုန်းဂျုန်း ဖြစ်နေပါကြောင်း၊ ယင်းတံတားကို ပထမတစ်ဆင့် သံပေါင်၊ အလယ်တွင် ဘေလီတစ်ထပ်၊ နောက်ဆုံးတွင် သံပေါင်ဘေလီဖြစ်ပါကြောင်း၊ ဘေလီတံတားသည် တစ်ထပ်ဘေလီ ဖြစ်သည့်အတွက် ကုန်တန် ၁၃ တန်ထက် ပိုခံနိုင်ခြင်းမရှိကြောင်းကို သက် ဆိုင်ရာက ထောက်ခံချက် ပေးထားပါကြောင်း၊ အကယ်၍ တံတား ပျက်စီးယိုယွင်းခဲ့ပါက ချဉ်းကပ်လမ်း၊ လမ်းလွှဲများ ပြုလုပ်ရန် ဘေးဘက်တွင် ရေပြင်ရှိနေ၍ ခက်ခဲမည်ဖြစ်ပါကြောင်း၊ တံတားနှင့်ပတ်သက်၍ ရန်ပုံငွေဆိုင်ရာဌာနတွင် တောင်းခံထားသည်များ ရှိ/မရှိ မေးမြန်းရာ မြို့ပြဌာနတွင် မရှိသည်ကို သိရှိရသည့်အပြင် တံတားအထူးအဖွဲ့တွင်လည်း ၂၀၁၇-၂၀၁၈ ခုနှစ်၌ မပါဝင်သည့်အပြင် နောက်နှစ်များတွင်လည်း တင်ထားခြင်း မရှိသေးပါဟု ဖြေကြားပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အခြေအနေအောက်တွင် တစ်စုံတစ်ရာများ ဖြစ်သွားခဲ့ရင် ခက်ပါသဖြင့် ဦးစားပေးပြီး တင်ပြစေလိုပါကြောင်း၊ ပေါက်တောလမ်းပန်းဆက်သွယ်ရေး မပြတ်တောက် ရစေရန် ထိုတံတားကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်နှင့် အဆင့်မြှင့်တင်မည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။