(င)-ရေနံချောင်းမြို့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းနှင့် စက်မှုဇုန် တည်ရှိနေခြင်းကြောင့် လို အပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ပြည့်ဝစေရန် ၆၆ KV ဓာတ်အားလိုင်းနှင့် ၆၆KV ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-08

မေးခွန်း အကြောင်းအရာ 

u thar choရေနံချောင်းမြို့သည် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်မှုဇုန် တည်ရှိနေသော မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ ရေနံချောင်းမြို့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ယခုလက်ရှိ ထုတ်လုပ်နေသော ရေနံတွင်းပေါင်း ၁၇၅ တွင်းရှိပြီး ၎င်းရေနံတွင်းများမှ တစ်နေ့လျှင် ရေနံစည် ပီပါပေါင်း ၁၅၀၀ ကျော် ထုတ်လုပ်လျက်ရှိပြီး စက်မှုဇုန်မှ ဆီစက်လုပ်ငန်း၊ တွင်ခုံလုပ်ငန်း၊ ကားဝက်ရှော့ လုပ်ငန်း၊ ကားဘော်ဒီလုပ်ငန်း၊ သံရည်ကျိုလုပ်ငန်း၊ သံနန်းဆွဲလုပ်ငန်း၊ ဆိုင်ကယ် ထုတ်လုပ်ရေး လုပ်ငန်း၊ ကားထုတ်လုပ်ရေး လုပ်ငန်း၊ ပလတ်စတစ် လုပ်ငန်း၊ ကော်ဖီမှုန့် ထုတ်လုပ်ရေး လုပ်ငန်း၊ စက္ကူလုပ်ငန်း၊ သောက်ရေသန့်လုပ်ငန်း၊ အောက်ဆီဂျင် လုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်း ၁၁၂ ခု ရှိပါကြောင်း၊

ရေနံချောင်းမြို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ ထုတ်လုပ်မှု များပြားစွာ ရှိနေသော်လည်း အသုံးပြုနေသည့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုခွင့် မရသည်မှာ ရေနံချောင်းမြို့အား မကွေးမြို့မှ သွယ်တန်းထားသော မကြီးကန် 33 KV ဓာတ်အားလိုင်းမှ ရေနံချောင်း၊ လက်မှတ်ကုန်ခွဲရုံအဝင် လိုင်းတွင် 28 KV  ရောက်ရှိခြင်းကြောင့် လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပြည့်ဝခြင်း မရှိခြင်းကြောင့် လည်းကောင်း၊ 33 KV လက်မှတ်ကုန်း၊ ဓားကုန်း ဓာတ်အားခွဲရုံများလည်း 11 KV ဓာတ်အားလိုင်း ၁၁၀၀၀ ဗို့ထွက်ရမည် ဖြစ်သော်လည်း ၉၀၀၀ ဗို့သာထွက်ရှိပြီး ၁၁၁၀.၄ ထရန်စဖော်မာများတွင်လည်း ၄၀၀ ဗို့ထွက်ရှိမည့်အစား ၃၀၄ ဗို့အားသာ ထွက်ရှိနေပါကြောင်း၊ ရေနံချောင်း စက်မှုဇုန်နှင့် မြို့ပေါ် သုံးစွဲနေသော ထရန်စဖော်မာ စုစုပေါင်းမှာ ၄၇ လုံးရှိပြီး ကျေးရွာပေါင်း ၁၄၆ ရွာရှိသည့်အနက် ၄ ရွာသာမီးလင်းပြီး ကျန်သည့် ၁၄၂ ရွာ မှာ မီးလင်းရန် ကျန်ရှိနေပါကြောင်း၊ ၎င်းတို့ ဖြစ်နေရခြင်းကြောင့် ရေနံချောင်းမြို့ လျှပ်စစ်ဗို့အား အပြည့်အဝ ရရှိနိုင်ရေးအတွက် ၃၀.၇၇ မိုင်ဝေးကွာသည့် 33 KV ဓာတ်အားလိုင်း ပြန်လည် တည်ဆောက်မည့် အစား ၂၇ မိုင်သာဝေးကွာသည့် ဂွေးချို 66 KV ဓာတ်အားလိုင်းမှဖြစ်စေ၊ 132 KV ချောက်ဓာတ်အားခွဲရုံမှ ချောက်၊ စလေ၊ ရေနံချောင်း လမ်းသစ်အတိုင်း အစားထိုး တပ်ဆင်နိုင်ရန်နှင့် ယခုလက်ရှိ အသုံးပြုနေသော ၃၀.၇၇ မိုင်ဝေးကွာသည့် မကွေး၊ ရေနံချောင်း 33 KV ဓာတ်အားလိုင်း၏ အားနည်းချက်များကြောင်‌့ မိုးရာသီဆိုလျှင် လေတိုက်၍ဖြစ်စေ၊ မိုးရွာ၍ဖြစ်စေ၊ မိုးကြိုးပစ်၍ဖြစ်စေ၊ Die folk ဖြစ်ပြီး မီးမကြာခဏ ပျက်နေခြင်းကြောင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ရေနံတွင်းများ ရပ်တန့်၍ မရသောကြောင်‌့ Gas Carbine စက်နှစ်လုံး လဲလှယ် အသုံးပြုရပါကြောင်း၊ ၎င်းတို့လဲလှယ်ရသည့်အတွက် ရေနံတွင်းပေါင်း ၁၂၇ တွင်း လည်ပတ်ရန်အတွက် တစ်နာရီကို ထုတ်လုပ်ရသော လျှပ်စစ်ဗို့အားမှာ ၁.၆ မဂ္ဂါဝပ် ရရှိရန်အတွက် ဒီဇယ်ဂါလန် ၂၆၀ ဂါလန် ကုန်ကျသည့်အတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစေရန် 66 KV ဓာတ်အားလိုင်းနှင့် 66 KV ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။