(ဂ)-မာမိန်းအခြေခံပညာ အလယ်တန်း ကျောင်းခွဲ၊ လယ်မယ်ဝါကျီ မူလွန်ကျောင်း၊ မာမိန်ရှီဒီး အခြေခံ ပညာမူလတန်းကျောင်း၊ ဒုတ္တန်အခြေခံပညာ မူလ တန်းကျောင်းတို့အား ကျောင်းဆောင်သစ် အစား ထိုး ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2017-06-15

မေးခွန်း အကြောင်းအရာ 

moe shweနိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းချိန်မှစပြီး ပိုမိုကောင်းမွန်သည့် ပညာရေးစနစ်ကို ဖော်ဆောင်ရန် လက်တွေ့ကျသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေပြီဖြစ်ပါကြောင်း၊ ထိုပြောင်းလဲမှုများမှာ ၂၀၁၆-၁၇ ပညာသင်နှစ်မှစပြီး KG+12 ဆိုသည့် ပုံစံကိုစတင် ပြောင်းလဲနေပြီဖြစ်ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၁ ရေးဆွဲပြီး ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ သို့သော် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ အသီးအပွင့်ကို ယခုပညာသင်နှစ် ၂၀၁၇-၁၈ တွင် ရှိသည့် Grade-10၊ Grade-11 နှင့် တက္ကသိုလ်ဝင် ကျောင်းသား/သူများ မမီသေးပါကြောင်း၊ အဆင့်အလိုက်၊ နှစ်အလိုက် ပြောင်းလဲလာမည် ဖြစ်သည့်အတွက်ကြောင့် ကျောင်းသား/သူများသည် စနစ်ဟောင်း၊ ခေတ်ဟောင်းတွင် သာကျန်ခဲ့မည်ဖြစ်ပြီး အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းများကို အပြည့်အဝ မခံစားရသေးသော်လည်း ခေတ်နှင့်အညီ ကျောင်းသား/သူများပါ လိုက်ပါပြောင်းလဲသွားစေရန်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။

          အခြေခံပညာ၏ ရည်မှန်းချက်ထဲတွင် အခြေခံပညာအဆင့်အလိုက် တွေးခေါ်ကြံဆဝေဖန်ပိုင်းခြား နိုင်သော အသိဉာဏ်ရှိသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံသားများဖြစ်စေရန် လိုအပ်ပါရှိပါကြောင်း၊ သို့သော်လည်း ယနေ့ အင်္ဂလိပ်စာမေးခွန်းသည် ထိုးထွင်းကြံဆတီထွင်ဖန်တီးမှု ကျိုးကြောင်းဆက်စပ်တွေးခေါ် မှုမျေား လွတ်ကင်းပြီး အလွတ်ကျက်မှတ်၍ ဖြေဆိုရသည့် မေးခွန်းဖြစ်နေသည်ကို တွေ့ရပါကြောင်း၊

          ၂၀၁၇ ခုနှစ်က အင်္ဂလိပ်စာမေးခွန်းဖြစ်သည့် နိုင်ငံခြားစာစစ်ဌာနများတွင် မေးမြန်းသည့် မေးခွန်းဖြစ်ပါကြောင်း၊ မေးခွန်း နံပါတ်(၁) Read the Passage မေးခွန်းသည် Text Book ထဲမှထုတ်နုတ်ထားခြင်း၊ မေးခွန်းနံပါတ်(၂) Fill in the blank မေးခွန်းသည် Recall Question ဖြစ်ခြင်း၊ မေးခွန်းနံပါတ်(၃) တွင် မေးခွန်းနံပါတ်(၁) မှ မေးခွန်းနံပါတ် (၅) အထိသည် Test Book ထဲမှဖြစ်ပြီး မေးခွန်းနံပါတ် (၆)မှ နံပါတ်(၁၀)အထိ သည် ကဗျာခုနှစ်ပုဒ်ထဲကဖြစ်ပါကြောင်း၊ ၎င်းတို့ကို အလွတ်ကျက်ပြီး ဖြေသောကျောင်းသား/သူများသည် (၁၀)မှတ် အပြည့်ရနိုင်ပါကြောင်း၊ မေးခွန်းနံပါတ်(၄) Question and Answer (Say Something) လိုခေါ်ပါကြောင်း ထိုမေးခွန်းသည်လည်း Test Book ထဲမှဖြစ်ပြီး Recall Question ဖြစ်ခြင်း၊ မေးခွန်းနံပါတ်(၅) Read the Passage သည်လည်း Test Book ထဲမှ Recall Question ဖြစ်ခြင်း၊ မေးခွန်းနံပါတ် (၆) Punctuation အပိုင်းဖြစ်ပြီး Punctuation တွင်နှစ်ပိုင်းရှိပြီး Capitalization အပိုင်းနှင့် Punctuate အပိုင်းတို့ရှိပါကြောင်း၊ ကျောင်းသားများသည် Punctuate အပိုင်းကို လေ့လာခြင်းမရှိဘဲ Capitalization အပိုင်းလေးကို လေ့လာမည်ဆိုပါက ငါးပုဒ်ပေးသည့် အတွက်ကြောင့် အလွယ်တကူရသွားပါကြောင်း၊ ယနေ့ ကျောင်းသား/သူများ အခက်အခဲတွေ့နေသည်မှာ မေးခွန်း No.(7) (a) Grammar အပိုင်းဖြစ်ပါကြောင်း၊ No.(7) (b) ဆိုလျှင် Paragraph Writing သည်လည်း အလွတ်ကျက်ဖြေလျှင် ရရှိနိုင်ပါကြောင်း၊ မေးခွန်းနံပါတ် (၈) Letter Writing ကို ဆရာ/မများက ခန့်မှန်းမေးခွန်းပေးသည်ကို အလွတ်ကျက်ပြီး မသက်ဆိုင်သည့် In relevant  ရွေးဖြေကြပါကြောင်းနှင့် မေးခွန်းနံပါတ်(၉) Essay ဆိုလျှင်လည်း ခေါင်းစဉ်ကတစ်မျိုး၊ အလွတ်ကျက်ထားသည့် စာပိုဒ်ကတစ်မျိုးဖြစ်သည့်အတွက် အလွတ်ကျက်ထားသော စာများကိုသာဖြေဆိုကြပါကြောင်း၊ ထို့ကြောင့် မေးခွန်းနံပါတ် (၁) မှစပြီး ပြန်ကြည့်မည်ဆိုပါက (၇)ထိသည် Test Book ကို Recall ဖြစ်နေသည့် အတွက်ကြောင့် Test Book ကိုအလွတ်ကျက်ရင် ကျောင်းသားတွေကအောင်မြင်မည်၊ Letter Writing နှင့် Essay လည်း ရေးစရာမလို ကျက်စရာမလိုပါကြောင်း၊ သို့အတွက်ကြောင့် မေးခွန်းကိုပြောင်းလဲပြီးမေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။