(ဂ)-တောင်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ် ကြား သစ္စာလမ်းမကြီးတွင်ရှိသော မီးရထားလမ်း နှင့် မော်တော်ယာဉ် လမ်းဆုံနေရာတွင် ကားရှုပ် ထွေးမှုများ အလွန် ဖြစ်ပေါ်နေပါသဖြင့် ခုံးကျော် တံတားတစ်ခု တည်ဆောက်ပေးရန် မည်သို့ စီစဉ် ထားသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-06-16

မေးခွန်း အကြောင်းအရာ 

dr saw naingတောင်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ်ကို ဆက်သွယ်ထားသော သစ္စာလမ်းမကြီးရှိ မီးရထားလမ်းနှင့် မော်တော်ယာဉ် လမ်းဆုံရာတွင် ခုံးကျော်တံတားမရှိသည့်အတွက် ကားရှုပ် ထွေးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ရထားခရီးစဉ်များတိုးချဲ့လာခြင်း၊ ဒဂုံ(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံ(အရှေ့) မြို့နယ်နှင့် ဒဂုံတက္ကသိုလ်သို့သွားလာရန် အဓိကမြို့နယ်ဖြစ်ခြင်း၊ မြို့နယ်တွင် အဝေးပြေး ကားဂိတ်တစ်ခုရှိနေခြင်းနှင့် သစ္စာလမ်းမကြီးနှင့် ဒဂုံ(မြောက်ပိုင်း)တို့ ဆက်သွယ် ထားသော မြစ်ကူးတံတားစီမံကိန်းပြီးစီးပါက သစ္စာလမ်းမကြီး၌ ယာဉ်စီးရေပိုမိုများပြားလာ မည်ဖြစ်ခြင်းတို့ကြောင့် ယာဉ်စီးရေမှာ ပိုမိုတိုးတက်များပြားလာမည်ဖြစ်ပါကြောင်း၊  ရုံးတက်/ ရုံးဆင်း အချိန်များတွင် တစ်မိနစ်လျှင် မော်တော်ယာဉ် ၃၅ စီးမှ ၄၅ စီး ကြား ရထားသံလမ်းကို ဖြတ်သန်းရပြီး ရထားများသည်လည်း ၁၅ မိနစ်ခန့်လျှင် တစ်ကြိမ်နှုန်းဖြင့် ဖြတ်သန်းလျက်ရှိရာ တစ်နေ့လျှင် ၄၉ ကြိမ်ခန့် ၎င်းသံလမ်းကို ဖြတ်သန်းလျက်ရှိပါသဖြင့်  ယာဉ်ကြောပိတ်ဆို့မှုသည် အဆိုပါသံလမ်းမှ ဗဟိုဈေးလမ်းဆုံမီးပွိုင့်ထိ ဖြစ်ပေါ်နေပါကြောင်း၊

သို့ဖြစ်ပါ၍ တောင်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့ ဆက်သွယ်ထားသော မီးရထား လမ်းနှင့် မော်တော်ယာဉ်လမ်းဆုံနေရာတွင် မော်တော်ယာဉ်သွား ခုံးကျော် တံတားတစ်ခု ကို  တည်ဆောက်ပေးနိုင်ပါရန်  မည်သို့စီစဉ်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။