(ဃ)-ဆိပ်ဖြူမြို့နယ်၊ပေတောကျေးရွာအုပ်စု၊ ကဇွဲ ကျေးရွာနှင့်ပေတောကျေးရွာ(၂)ရွာကြားရှစ်ချောင်း ကို ဖြတ်၍ဖောက်လုပ်ထားသောမီးရထားတံတား အား ကားများ အချိန်မရွေး သွားလာနိုင်ရန် ပြုပြင် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-06-21

မေးခွန်း အကြောင်းအရာ 

u aung theikမိမိတို့ ပြည်သူ့လွှတ်တော် အတွေ့အကြုံ၊ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းရန် ၁၂-၁၁-၂၀၁၆ ရက်နေ့ သွားသည့်အချိန်တွင် ပေတောနှင့် ကဇွဲရထားလမ်းကို ကားလမ်းဖြစ်စေလိုကြောင်း ကို ရှိရကြောင်း၊ ထိုကြောင့် ကဇွဲကျေးရွာကို မိမိတို့ ဂွေးချို-ချောက်- ဆိပ်ဖြူ-ပခုက္ကူလမ်းပေါ်မှ  ၁၃ မိုင် ၃ ဖာလုံတွင် မြင်ရကြောင်း၊ ပေတော ကျေးရွာကို မင်းဘူး-စလင်း-ဆိပ်ဖြူ-ဆောလမ်း မှတ်တိုင် ၁၂ မိုင်တွင် စဝင်ရကြောင်း၊ လမ်းနှစ်လမ်း၏ ဆက်သွယ်မှု လမ်းကြောင်း အားကောင်းကြောင်း၊ ကျေးရွာချင်း ဆက်လမ်းများလည်း ကောင်းကြောင်း၊ ထိုကြောင့် ယခု တံတားကို တည်ဆောက် ပေးပါက အလွန် ကောင်းကြောင်း၊ ယခုတံတား၏ အောက်ပိုင်း တစ်မိုင်ခွဲခန့် နေရာတွင် ခြထောက်နှင့် ရွာသစ်ကို ဖြတ်ထားသည့် ရှစ်ချောင်းကို ဖြတ်ထားသည့် ရေကျော် တစ်ခုရှိကြောင်း၊ ယခု ရေကျော် သည်  မိုးတွင်းတွင် တောင်ကျရေ သော်လည်းကောင်း၊ မိုးအဆက်မပြတ် ရွာသည် အချိန်တွင် သော်လည်းကောင်း ကားများသည် ကုန်စည်စီးဆင်းမှု အလွန်အင်မတန် ရပ်တန့်သွားကြောင်း၊ တစ်ခါတလေတွင် တစ်နေ့လုံး စောင့်ရကြောင်း၊ ထို့အတွက် မိမိတို့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ရပ်တန့်ကြောင်း၊ ပညာရေးအရ ကျောင်းသားများ ကျောင်းမတက်နိုင်ကြောင်း၊ ကျန်းမာရေးအရ လူနာတွေ မသွားလာနိုင်ကြောင်း၊ ထိခိုက်ဒဏ်ရာရသည် သူများ၊ အလောတကြီး ဖြစ်နေသည့် ကိစ္စများ၊ Accident ဖြစ်သည့် ကိစ္စများ၊ လယ်သမားများသည် ၎င်းတု့ိ၏ လယ်များ၊ ယာများကို သွားချင်သလို သွားမရကြောင်း၊ စသည့် အခက်အခဲများရှိနေကြောင်း၊ ထိုကြောင့် မိမိက ပခုက္ကူနှင့် ဆိပ်ဖြူကို ဆက်ထားသည့် ရောချောင်း တံတားကို ဖြတ်ပြီး ဖောက်လုပ်ထားသည့် မီးရထားတံတားသည် ကားများ သွားလို့ရသည့်အတွက် မိမိတို့ ကဇွဲနှင့် ပေတော ရထားလမ်းကိုလည် ကားများပါ သွားရအောင် လုပ်ပေးစေချင်ကြောင်း၊ ပခုက္ကူဘက်ကို သွားသည့် မီးရထားတံတား၏ အောက်တွင် Bent (၅) ချောင်းနဲ့ ၈၅ ပေရှည်သည့် ဒက်တူရက် Bent (၄) ချောင်းနှင့် လုပ်ထား ကြောင်း၊ ကဇွဲနှင့် ပေတောကို ဆက်ထားသည့် မီးရထားတံတားနှင့် Bent Size တွေက တူပါကြောင်း၊ ၈၅ ပေ ရှည်သည့် Bent (၅) ချောင်း ထည့်ထားကြောင်း၊ ထို့အတွက် ပထမ သူတို့ ရည်ရွယ်ချက် ရှိသည့် ပုံစံဖြစ်ကြောင်း၊ အကျယ်က ၂၂ ပေကျယ်တွင် တစ်ဖက်လူသွားလမ်း ပလက်ဖောင်း ၆ ပေကို နှုတ်ပါက  ၁၆ ပေသာ ကျန်ကြောင်း၊ မိမိတို့ ရထားလမ်းလုပ်မယ်ဆိုပါက Bent က ခံသည့် အားများ လည်း ရှိကြောင်း၊ ထိုကြောင့် ရှစ်ချောင်းကိုဖြတ်ပြီး ကဇွဲနှင့် ပေတောကို ဆက်သွယ်ထားသည့် မီးရထားတံတားအား ကားများ သွားလာနိုင်သော မီးရထားကားလမ်း ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလတွင်စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မရှိပါက အဘယ့်ကြောင့်ဆိုသည်ကို သိရွိပါကြောင်း မေးမြန်းပါသည်။