(င)-သာစည်မြို့နယ်၊ အုတ်တွင်းအုပ်စု အတွင်းရှိ ကျေးရွာများအား လျှပ်စစ်ဓာတ်အား ဆက်သွယ် တပ်ဆင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ထရန် စဖော်မာနှင့် ၁၁ KV လိုင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ရပ်ကွက်ခုနစ်ခု၊ ကျေးရွာအုပ်စု ၈၀၊ ကျေးရွာပေါင်း ၂၄၉ ရွာရှိသည့်အနက် တချို့ရွာများသည် ကိုယ်ထူကိုယ်ထလျှပ်စစ် ဓာတ်အားတပ်ဆင်ပြီး ဖြစ်သော်လည်း ကျေးရွာအများစုမှာ မီးလင်းရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်ရှိ သေးပါကြောင်း၊ အထူးသဖြင့် 11 KV လိုင်းမှ နှစ်မိုင်အတွင်းရှိကျေးရွာများအား လျှပ်စစ်မီးသွယ်တန်း တပ်ဆင်ပေးရန် လိုအပ်နေပါကြောင်း၊
သာစည်မြို့နယ်အတွင်းရှိ 11 KV လိုင်းမှ နှစ်မိုင်ပတ်လည်အတွင်းကျရောက်နေသော အုတ်တွင်း ကျေးရွာအုပ်စုရှိ ဆင်ရွာ၊ မြိုင်သာယာ၊ အုတ်တွင်း၊ နန်းတော်ကုန်း၊ သာယာကုန်း၊ ရေတွင်းကြီးအင်း၊ အင်တိုင်းသာစသည့် ကျေးရွာပေါင်းခုနစ်ရွာတွင် လျှပ်စစ်မီးသွယ်တန်းရန် ကျန်ရှိနေပါကြောင်း၊ ဆင်ရွာ၊ မြိုင်သာယာ၊ အုတ်တွင်း၊ နန်းတော်ကုန်းကျေးရွာ အနီးမှ ရွှေကျောင်းကုန်းဘုန်းတော်ကြီးကျောင်းသို့ လှိုင်းတက် ဓာတ်အားပေးစက်ရုံ 11 KV လိုင်းအား ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် အဆိုပါကျေးရွာများသည် ကျေးရွာ အတွင်း ၄၀၀ ဗို့လိုင်းများကိုလည်း ကိုယ့်အားကိုယ်ကိုး သွယ်တန်းလျက်ရှိပါကြောင်း၊ သို့သော် မီးလင်းနိုင်ရေးအတွက် ထရန်စဖော်မာနှင့် 11 KV တည်ဆောက်ရန် အခက်အခဲများ တွေ့ရှိနေရပါကြောင်း၊ အဆိုပါ ကျေးရွာများအား လျှပ်စစ်ဓာတ်အား ဆက်သွယ်တပ်ဆင်ပေးပါက ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခြေအနေများ လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာဖြစ်ပါကြောင်း၊ ထို့ကြောင့် သာစည်မြို့နယ် အတွင်းရှိ အုတ်တွင်းကျေးရွာ အုပ်စုရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား သွယ်တန်းတပ်ဆင်ပေးရန် ဆောင်ရွက်ပေးနိုင်ရန်အတွက် ထရန်စဖော်မာနှင့် 11 KV လိုင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်း ပါသည်။