(ဈ)-မြို့နယ်တိုင်းတွင် သားသတ်ရုံ (Slaughter House) များကို စနစ်တကျဆောက်လုပ် ဆောင် ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2017-06-27

မေးခွန်း အကြောင်းအရာ 

dr than aung soeမိမိတို့နိုင်ငံ၏ မြို့တိုင်းလိုလိုတွင် သားသတ်ရုံကို စနစ်တကျဆောက်လုပ်ခြင်းမရှိပါကြောင်း၊ တချို့ နေရာ များတွင် လူနေအိမ်များ၌ ခိုးဝှက်ကာ အသား‌ဖော်ကြသည် မြို့နယ်များလည်းရှိပါကြောင်း၊ Safety Food ရရှိရန်သည် Safety Meat သန့်ရှင်းသည့် အသားရမှ ဖြစ်မည်ဖြစ်ပါကြောင်း၊  အသားဖော်မည့် တိရစ္ဆာန်ကို မသတ်မီစစ်ဆေခြင်း၊ စစ်ဆေးပြီးပါက အသားဖော်ပြီး အစိတ်အပိုင်းများကို ထပ်မံစစ်ဆေးခြင်း၊ ရောဂါဖြစ်နေသည့် အစိတ်အပိုင်းများကို ပယ်ခြင်းများဆောင်ရွက်ရသည့်အပြင် အသည်း၊ အဆုတ်နှင့် ကျောက်ကပ်များတွင် ရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိရပါက တစ်ကောင်လုံး ပယ်ရခြင်းများရှိပါကြောင်း၊

          သားသတ်ရုံများတွင် လိုက်နာဆောင်ရွက်ရမည့် အခြေခံအချက်အလက်များလည်း ရှိပါကြောင်း၊ ကြမ်းခင်းနှင့် ကြွက်၊ ခြင်၊ ယင်မဝင်မည့် အဆောက်အအုံပုံစံ၊ အလင်းရောင်ရရှိမှု၊ လေဝင်လေထွက် ကောင်းမွန်မှု၊ ရေပိုက်သွယ်တန်းထားမှု၊ စွန့်ပစ်ရမည့်ပစ္စည်းများ၊ ရေ၊ ရေခဲဖြင့် ဆေးကြောထားသည့် ရေများကို ပြန်လည်သုံးစွဲမှု၊ အဝတ်လဲခန်းနှင့်အိမ်သာများ၊ ဓား၊ ချိတ်စသည့် အသုံးအဆောင်များ၊ သန့်ရှင်းရေးလုပ်ရန်လွယ်ကူအဆင်ပြေမှုနှင့် လုပ်ငန်းဆောင်ရွက်သူများ၏ ကျန်းမာရေးစသည့် အချက် အလက်များ ပါရှိပါကြောင်း၊ ထို့ကြောင့် မြို့နယ်များတွင် သားသတ်ရုံ(Slaughter House ) များကို စနစ်တကျ ဆောက်လုပ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။