(က)-ပူတာအိုမြို့နယ်ရှိခုတင်(၁၀၀)ဆံဆေး ရုံကြီးအားခုတင်(၁၀၀)ဆံ့ဆေး ရုံစံကိုက်နှင့် ညီသောဆေးရုံ တည်ဆောက်ပေးရန် အစီအ စဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိနယ်မြေရှိ ပြည်သူများသည် တောင်သူများဖြစ်ကြသောကြောင့် ဆေးကုသရာတွင် ဆေးရုံကိုသာ အဓိကအားထားလျက် ရှိကြပါကြောင်း၊ သို့သော် ဆေးရုံကြီးသည် ပြည့်စုံမှုမရှိသောကြောင့် ရပ်ဝေးရပ်နီးမှပြည်သူများ ဆေးကုသရာတွင် လူနာများနှင့်လူနာစောင့်များအတွက် အခက်အခဲများစွာ တွေ့ရခြင်း၊ ခရိုင်ဆေးရုံကြီးပတ်ပတ်လည်တွင် ခြံခတ်ထားခြင်းလုံးဝမရှိသောကြောင့် လူနာများ၊ လူနာစောင့်များအတွက် စိတ်ချလုံခြုံမှု မရခြင်း၊ ဆေးရုံတွင်ရှိသော ထမင်းချက်ဆောင်သည်လည်း သေးငယ်လွန်းသည့်အတွက် လူနာစောင့်များအနေဖြင့် အလှည့်ကျထမင်းချက်ရခြင်းစသည့် အခက်အခဲ များကြုံ တွေ့နေရသည့်နည်းတူ ဆေးရုံဝန်ထမ်းများနှင့် ဆေးရုံဝန်ထမ်းများ၏နေအိမ်များသည်လည်း လုံလောက်မှု မရှိသဖြင့် ဒေသခံပြည်သူများ၏ အိမ်များကိုငှားရမ်းပြီးနေထိုင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊
ထို့ကြောင့် ပူတာအိုမြို့နယ်ရှိ ခုတင် (၁၀၀) ဆံ့ဆေးရုံကြီးအား ခုတင် (၁၀၀) ဆံ့ဆေးရုံစံကိုက်နှင့်ညီသော ဆေးရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။