(ဂ)-ငပုတောမြို့နယ်ရှိ ပင်လယ်နှင့် နီးစပ်ပြီး မုန် တိုင်း အန္တရာယ်ကျရောက်လေ့ရှိသော ကျေးရွာများ အတွက် မုန်တိုင်းဒဏ်ခံအဆောက်အဦ(Cyclone Shelter) များ ထပ်မံဆောက်လုပ်ပေးရန် နှင့်စပ် လျဉ်းသည့် မေးခွန်း

2017-07-06

မေးခွန်း အကြောင်းအရာ 

u than aungနှစ်ပေါင်း ၁၀၀ အတွင်း ငပုတောမြို့နယ်၏ သေပျောက်မှုအများဆုံး အင်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်း များသည် သိန်းနှင့်ချီ၍ လူသတ္တဝါများကို ဝါးမြိုစားသောက်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုးကြီးအဖြစ် စံချိန်တင်ခဲ့သည်ကို ၂၀၀၈ နာဂစ်မုန်တိုင်းက သက်သေပြခဲ့ပြီး ဖြစ်ပါကြောင်း၊          ငပုတောမြို့နယ်ရှိ ပြည်သူများအတွက် လုံခြုံစိတ်ချရသည့် အသက်ရှင်သန်းခွင့်ကို ခေတ်အဆက်ဆက်က တောင်းတမျှော်လင့်နေခဲ့ကြပါကြောင်း၊ သို့သော်လည်း ယနေ့အထိ Cyclone Shelter ၁၅ လုံးအပြင် လူဦးရေအချိုးအစားအရ ပြည်စုံလုံလောက်သည့် ထပ်မံတည်ဆောက်မှုများကို လုပ်မပေးနိုင်သည်မှာ ငပုတောမြို့နယ်သူ၊ မြိုနယ်သားအတွက် ကြေကွဲဆိုးနစ်ဖွယ် ဖြစ်နေကြရပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင်လည်း ဝင်ရောက်လာရန် ဦးတည်လာခဲ့သည့် ကြံ့အမည်ရှိ မုန်တိုင်းသည် သမီးလှကျွန်း၊ မော်တင်စွန်းအနီးမှာရှိသည့် လိပ်ကျွန်း၊ ၎င်းတို့အနီးရောက်ပြီးမှ နောက်ကြောင်းပြန်လှည့်သွားသောကြောင့် ငပုတောမြို့နယ်သားများ နောက်တစ်ကြိမ် အသက်ဆုံးရှုံးရခြင်း ဘေးကသက်သာ လွတ်ကင်းသွားရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငပုတောမြို့နယ်တွင်ရှိသည့် ပင်လယ်နှင့်နီးစပ်နေသော ဒေသများတွင် နှစ်စဉ် Cyclone Shelter များ ထပ်မံတည်ဆောက်ပေးရန် ဘတ်ဂျက်များ လျာထားခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။