(င)-သနပ်ပင်မြို့နယ်၊ အ.ထ.က(ခွဲ) နတ်ရေကန်၊ အောက်ခရမ်း၊ တောင်ဘက်ကမ်းနှင့် ကုက္ကိုတို့ကို အ.ထ.ကများအဖြစ် အဆင့်တိုးမြှင့်ပေးရန်၊ ကျောင်းသားဦးရေနှင့် ဆရာအချိုးမညီမျှသော ကျောင်းများတွင် ဆရာများခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-01

မေးခွန်း အကြောင်းအရာ 

u myint ooသနပ်ပင်မြို့နယ်သည် စစ်တောင်းမြစ်၏အနောက်ဘက် မုတ္တမကွေ့ အနီးတည်ရှိသည့်အတွက် ချောင်း၊ မြောင်းများ အလွန်ပေါများပြီး မိုးတွင်းတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပါကြောင်း၊ မူလတန်းနှင့် အလယ်တန်းအရွယ်ကလေးများ တစ်ရွာနှင့်တစ်ရွာ ကူးလူး၍ ပညာသင်သည့်အခါ ၎င်းတို့အတွက် အန္တရာယ်အလွန်ရှိပါကြောင်း၊          ပြည်သူ့အစိုးရသစ်လက်ထက်တွင် သနပ်ပင်မြို့နယ် အခြေခံကျောင်းများ အတွက် ယခင်နှစ်တွင် နေ့စားဆရာ/မ ၂၂၅ ဦးကို ခန့်ထားပေးခဲ့သော်လည်း ကျောင်းသားဦးရေ အဆမတန်များပြားပြီး ဆရာအလွန်နည်းသော ကျောင်းများသည် စာတတ်မြောက်စေရန်သင်ကြားရန် မည်သို့မျှှမဖြစ်နိုင်လောက်အောင် ကျောင်းသားနှင့်ဆရာအချိုး မမျှတပါကြောင်း၊ ၎င်းကျောင်းများကို ဆရာထပ်ခန့်ပေးရန် သို့မဟုတ် ဆရာများသော ကျောင်းများမှ မျှပေးရန်၂၀၁၆-၁၇ ပညာသင်နှစ် အစကတည်းက ပညာရေးဌာနအဆင့်ဆင့်ကို မိမိအနေဖြင့် ညှိနှိုင်းခဲ့ပါကြောင်း၊  ၂၀၁၇-၁၈ ပညာသင်နှစ် အထိ နတ်ရေကန်၊ ဉာဏ်ကျွန်း၊ မိုးခိုင်ကြီး၊ ကလိုင်၊ ဇီးပင်၊ ရွာဟောင်း၊ အောက်တကဲ၊ ဝဲပြန်၊ ရွှေလှေစု၊ ကွင်းယားရှည်၊ တံခွန်တိုင်၊ ကသစ်ဝိုင်၊ ကျွဲဖြူကျောင်း၊ ကပင်၊ ကသဲကုန်းစသည့် ကျောင်းများကို ဖြည့်တင်းပေးနိုင်မှုမရှိသေးပါကြောင်း၊ သို့ပါ၍ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်ရှိ ဖော်ပြပါ အခြေခံကျောင်းများကို အဆင့်တိုးမြှင့်ပေးရန်နှင့် ကျောင်းသားဦးရေနှင့်ဆရာအချိုးမညီမျှသော ကျောင်း များကို လိုအပ်သော ဆရာများဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။