(င)-National Database Centre နှင့် ဒေသအနှံ့ ဆက်သွယ်နိုင်သည့် Network Lineများဖြန့်ကြက် တည်ဆောက်ရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
National Database Center ဆိုသည်မှာ ပြည်သူတစ်ဦးချင်းစီ၏ အချက်အလက်နှင့် ဝန်ကြီးဌာနများ၏ အချက်အလက်များကို တစ်နေရာထဲတွင် စုစည်းထားသည့် ဗဟိုဌာနဟု ယေဘုယျအားဖြင့် ပြောနိုင်ပါကြောင်း၊ နိုင်ငံတော်တော်များများသည် ပိုမိုကောင်းမွန် ခေတ်မီသည့် စနစ်များဆီသို့ ချဉ်းကပ်လုပ်ဆောင်ကြသည့် နေရာတွင် ပထမအဆင့်ဖြစ်သည့် e-Government ကို အကောင်အထည်ဖော်ကြပါကြောင်း၊ သို့သော် ဝန်ကြီးဌာနများ သီခြားစီဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည့်အတွက် ထင်သလောက်မအောင်မြင်ခဲ့ကြပါကြောင်း၊ နောက်ဆုံး National Database Center တည်ဆောက်ရမည် ဆိုသည်ကို သူတို့နားလည်ထားပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ တိုးတက် အောင် ဆောင်ရွက်ရာတွင် Clean Government, Good Governance ဖြစ်ရန် National Database Center သည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ ယခုလို Single Platform မရှိသည့်အတွက် အစိုးရနှင့် ပြည်သူလူထုက အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် National Database Center နှင့် ဒေသအနှံ့ဆက်သွယ်နိုင်သည့် Networking Line များကို ဖြန့်ကြက်တည်ဆောက်ရန်အတွက် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။