(ဂ)-ရတနာပုံ စီလီကွန် စီမံကိန်းမြေအဖြစ် သိမ်း ဆည်းထားသော ဧကတစ်သောင်းအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အသုံး ပြုရန်မလိုသောကျန်မြေဧကများကိုဒေသခံတောင် သူများအား စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
နိုင်ငံတော်အကျိုးငှာ အခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေလွတ် မြေရိုင်း၊ မြေလပ်များထဲမှ လိုအပ်သော အနည်းဆုံးမြေဧကကို ပြန်လည် ရယူပိုင်ခွင့်ရှိသည်ဟု လည်းကောင်း၊ ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများဖြစ်သည့် သစ်တော နယ်မြေများကို ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် သဘာဝနယ်မြေ ရေဝေရေလဲဒေသများမှ သဘာဝ အင်းအိုင်များကို ထိန်းသိမ်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ၃၀-၃-၂၀၁၂ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၀)တွင်မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေတွင် တွေ့ရှိရပါကြောင်း၊ ၂၀၁၀၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁၁)၌ လယ်ယာမြေ ဥပဒေတွင် လည်း နိုင်ငံတော်အကျိုးဖြစ်ထွန်းသည့် စီမံကိန်းများအတွက် လယ်ယာမြေကို သိမ်းဆည်း ယူရာတွင် အနည်းဆုံးလိုအပ်သော ပမာဏကိုသာ သိမ်းယူရမည်။ စီမံကိန်းအား သတ်မှတ်ကာလ အတွင်း အမြန်ဆုံးပြီးစီးရေးအတွက် အကောင်အထည်ဖော်ရမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်ခြင်း မပြုလုပ်ပါက မူလလယ်ယာလုပ်ပိုင်ခွင့်ရရှိထားသော ပုဂ္ဂလိကအဖွဲ့အစည်းများထံ ပြန်လည်ပေးအပ် ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊
ပြင်ဦးလွင်မြို့နယ်တွင် ရတနာပုံစီလီကွန် စီမံကိန်းမြေအဖြစ် ဧက တစ်သောင်း သိမ်းဆည်းထား သော်လည်း စီမံကိန်းအကောင်အထည်ဖော်မှုမှာ ၂၀ ရာခိုင်နှုန်းပင် မရှိသေးသည်ကို တွေ့ရှိရပါ ကြောင်း၊ ထိုကဲ့သို့ သိမ်းဆည်းထားသော်လည်း စီမံကိန်းနှင့် ကာလကြာရှည် အသုံးမပြုဘဲ တာဝန်ရှိသူမှ ထိန်းသိမ်းမှုအားနည်းခြင်းတို့ကြောင့် သဘာဝသစ်တော၊ ထင်းရှူးတောများ ပြုန်းတီး နေပြီဖြစ်ပါကြောင်း၊
၂၀၁၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေကို ပြင်ဆင်သည့်ဥပဒေအတွက် အမိန့်ကြော်ငြာစာအမှတ်(၅/၂၀၁၃)အရ စိုက်ပျိုးမြေပါဝင်နေပါက တရားမဝင်လုပ်ပိုင်ခွင့်ရရှိခြင်း မရှိသည့်တိုင် နစ်နာမှုမရှိစေရန် ယင်းတို့၏ဆန္ဒအပေါ် ညှိနှိုင်းဆောင်ရွက်ရမည်ဟု ဆိုထားပါ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၇ အရ နိုင်ငံတော်သည် နိုင်ငံတော်အတွင်း မြေအား သင့်တင့်မျှတရေးဖြစ်သည်ဟု ဆိုထားပါကြောင်း၊ နိုင်ငံတော်စီမံကိန်းများ ခန့်ခွဲဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မရှိမဖြစ်လိုအပ်သကဲ့သို့ တောင်သူလယ်သမားများအတွက် မြေယာသည်လည်း အဓိကကျပါကြောင်း၊
ထို့ကြောင့် ရတနာပုံမြေဧကတစ်သောင်းကို အမြန်ဆုံး အကျိုးရှိရှိ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။