(က)-မာန်အောင်ကျွန်း၏ ပင်လယ်ကမ်း သဘာ၀ အလှကို အခြေခံ၍ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အား နိုင်ငံတော်အစိုးရမှအားစိုက်ပါဝင်ဆောင်ရွက် ပေးမည့် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2017-07-20

မေးခွန်း အကြောင်းအရာ 

u tin nuမာန်အောင်ကျွန်းပေါ်ရှိ ကမဝကမ်းခြေအပိုင်းတွင် ကမဝကမားနှင့် ပြင်ကောက်ကမ်းခြေတို့ ပါဝင်ပါကြောင်း၊ ကမ်းခြေမှ လေးမိုင်ရှိပါကြောင်း၊ မိုင်တိုင်အမှတ်(၁၉) မှ (၂၃) အထိအားလုံး တစ်ဆက်တည်း ဖြစ်ပါကြောင်း၊ မိန်းမကြွယ်ကမ်းခြေအပိုင်းတွင် ဘုတ်မျက်တော၊ ကျူ နှင့်မိန်းမကြွယ် ကမ်းခြေတို့ပါဝင်ပါပြီး ကမ်းခြေ၏ အရှည်မှ ၆ မိုင်ရှိပါကြောင်း၊ မိုင်တိုင်အမှတ်(၂၃) မှ (၂၉) အထိ အားလုံး တစ်ဆက်တည်း ဖြစ်ပါကြောင်း၊ ဧကအီးကမ်းခြေတွင် ပလ္လင်ကမ်းခြေနှင့် ကအီးကမ်းခြေ တို့ပါဝင်ပြီး  ခုနစ်မိုင်ရှိပါကြောင်း၊ မိုင်တိုင်အမှတ်(၂၉) မှ မိုင်တိုင်အမှတ် (၃၀) အထိ အားလုံး တစ်ဆက်တစ်စပ်တည်း ဖြစ်ပါကြောင်း၊  မာန်အောင်ကျွန်းသည် စတုန်းရန်းမိုင် ၂၀၂ မိုင်ကျယ်ဝန်းပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကျွန်းဖြစ်ပါကြောင်း၊ ကျွန်းပတ်လမ်းသည် ၅၁ မိုင် ၄ ဖာလုံရှိပြီး၊ ပင်လယ်ကမ်းခြေ၏ ပကတိအလှသည် ၁၇ မိုင်ရှိပါကြောင်း၊ မိုင်တိုင်အမှတ် (၁၉) မှ မိုင်တိုင်အမှတ် (၃၆) အထိဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ၁၇ မိုင်ရှည်လျားသည့် ပင်လယ် ကမ်းခြေ၏အလှကို မာန်အောင်ကျွန်းတွင် တွေ့ရမှာဖြစ်ပါကြောင်း၊  မာန်အောင်ကျွန်းသည် ဘင်္ဂလားပင်လယ်အော် တွင်ရှိသော ကျွန်းတစ်ကျွန်းဖြစ်ပါကြောင်း၊  ကျောက်ဖြူ မြို့နှင့် ၄၈ မိုင်၊ တောင်ကုတ်မြို့နှင့် ၄၉ မိုင်၊ ရမ်းဗြဲကျွန်းနှင့် ၁၀ မိုင်ကွာဝေးပါကြောင်း၊ တောင်ကုတ် မြို့နှင့် မာန်အောင်ကျွန်းကို ရှပ်ပြေးယာဉ်များ နေ့စဉ်ပြေးဆွဲနေပြီဖြစ်ပါကြောင်း၊ တောင်ကုတ်မှ မာန်အောင်သို့ ရှပ်ပြေးယာဉ်ဖြင့် သုံးနာရီစီး ရပါကြောင်း၊  မာန်အောင်ကျွန်းပေါ်မှာရှိသည့် လေယာဉ်ကွင်းကို ၂၀၁၅ ခုနှစ်မှာ ပြန်ပြီးဖွင့်လှစ်ခဲ့ သည့်အတွက် ကျောက်ဖြူ-ရန်ကုန်-စစ်တွေမြို့များ သ့ို လေယာဉ်ဖြင့် တစ်ပတ်လျှင် သုံးရက် သွားလို့ ရပြီဖြစ်ပါကြောင်း၊ တစ်နေ့လုံး နေ့စဉ်သွားလို့ရအောင် လေယာဉ်ကွင်းကို တိုးချဲ့နေအတွက် သွားလာရေးတွင် အခက်အခဲမရှိတော့ပါကြောင်း၊ မာန်အောင်ကျွန်း၏ ပင်လယ်ကမ်းခြေအလှသည့် ကမ္ဘာတွင်လှပသည့်ကမ်းခြေတစ်ခုဖြစ်သည့်ဟု နိုင်ငံခြားမှ ဧည့်သည်များမှ ပြောကြပါကြောင်း၊ မာန်အောင်ကျွန်း၏ ကမ်းခြေကို Pure Virgin Land လို့ပြောကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် မာန်အောင်ကျွန်း၏ ပင်လယ်ကမ်း သဘာဝအလှကိုအခြေခံ၍ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းအား နိုင်ငံတော်အစိုးရမှ အားစိုက်ပါဝင်     ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်း ပြီး သိလိုပါကြောင်းမေးမြန်းပါသည်။