(ဂ)-ပြင်ဦးလွင်မြို့နယ်၊ ပြင်စာ၊ ရေငယ်၊ ရွှေသင်း အ.ထ.က(ခွဲ)ကျောင်းနှင့် ဟိုလိပ်၊ ကံဗျူး၊ ပြင်ကြီး၊ ပိန္နဲကုန်း အ.လ.က(ခွဲ)များကို၂၀၁၇-၂၀၁၈ပညာ သင်နှစ်တွင် အသီးသီးအဆင့်တိုးမြှင့်ရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသည် အနီးစခန်း အခြေခံပညာ အထက်တန်းကျောင်းနှင့် ကိုးမိုင်ဝေးပြီး ပြင်စာရွာနှင့်အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၁၉ ရွာ၊ လူဦးရေ နှစ်သောင်းခွဲကျော်ခန့်နှင့် ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်လည်း ပါဝင်ပါကြောင်း၊ ကျောင်းသား/သူများသည် အထက်တန်းအဆင့် ပညာသင်ကြားရာကျောင်းဖြစ်ပါကြောင်း၊ ကျောင်းဝန်းမြေ ဧရိယာ ၅.၂၁ ဧကမြေစာရင်းဂရန်ပေါက်ပြီးလည်း ဖြစ်ပါကြောင်း၊ တစ်ထပ်ကျောင်းဆောင် လေးဆောင်၊ နှစ်ထပ်ကျောင်းဆောင် နှစ်ဆောင်၊ သိပ္ပံလက်တွေ့ဆောင် တစ်ဆောင် စုစုပေါင်း ခုနစ်ဆောင်ရှိပြီး ၁၆ ခန်း ပါသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ တစ်ခုရှိခြင်းအားဖြင့် မိဘပြည်သူများနှင့် အလှူရှင်များပူးပေါင်းပြီး ဆောက်လုပ်လှူဒါန်းထားသည့်အတွက် ပညာရေးကို စိတ်ဝင်စားပါကြောင်း ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၅၈၀ ရှိပြီး အထက်တန်းကျောင်းသားဦးရေ ၉၃ ဦး၊ ၂၀၁၇-၁၇ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၆၀၅ ဦး၊ အထက်တန်းကျောင်းသားဦးရေ ၁၀၇ ဦးရှိပါကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျေးလက်နေပြည်သူများ၊ ကျောင်းသူကျောင်းသားများသည် ပညာရေးကို စိတ်ဝင်စားပြီး ကျောင်းအဆင့်တိုးမြှင့်မှုကို လိုလားသည့်အတွက် အထက်တန်းကျောင်းအဆင့် တိုးပေးစေလို ပါကြောင်း၊ ထို့အတူ အထက်တန်းကျောင်းခွဲများတွင် အထက်တန်းကျောင်း တစ်ကျောင်း၏ အင်္ဂါရပ်နှင့်လည်း ညီညွတ်ပြီး ကျောင်းပရိဘောဂများလည်း လုံလုံလောက်လောက်ရှိပါကြောင်း၊ အထက်ပါကျေးရွာများနှင့် ပတ်ဝန်းကျင်တွင်ရှိသည့် လူဦးရေပိုမိုများပြားလာပြီး ကျောင်းအဆင့်တိုးမြှင့်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ၂-၁-၂၀၁၇ ရက်နေ့တွင် လည်းကောင်း၊ ၁၉-၄-၂၀၁၇ ရက်နေ့တွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၏ ခရီးစဉ်တွင် ပညာရေးအဆင့် မြှင့်တင်ပေးမည်ဟုပြောသည့်အတွက် ယခုလို ပြင်ဦးလွင်မြို့နယ် သက်ဆိုင်ရာ ပတ်ဝန်းကျင်များမှ ကျောင်းများကို အထက်တန်းကျောင်းအဖြစ် အဆင့်မြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။