(ခ)-ဆိုလာမီးရယူရန် ဆန္ဒရှိသော ပြည်သူလူထု များထံမှ သတ်မှတ်ကျသင့်ငွေများကို ကောက်ခံပြီး တစ်နှစ်ကျော် သော်လည်း ယနေ့တိုင် ဆိုလာလျှပ် စစ်မီးစနစ် ဖြန့်ဖြူးတပ်ဆင် ပေးနိုင်ခြင်း မရှိသည် ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-07-25

မေးခွန်း အကြောင်းအရာ 

sai thiha kyawမိုင်းရယ်မြို့နယ် မဲဆန္ဒနယ်အတွင်း ပြည်သူများနှင့် သွားရောက်တွေ့ဆုံသည့်အခါ၌လည်းကောင်း၊ ဌာနဆိုင်ရာပုံမှန်အစည်းအဝေး များ၌လည်းကောင်း ကျေးလက်နေပြည်သူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကျေးလက်မီးလင်းရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆိုလာလျှပ်စစ်မီးများ တပ်ဆင်ပေးမည်ဟုဆိုကာ သတ်မှတ်ငွေကြေးများ ကောက်ခံထားသည်မှာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ ဆိုလာလျှပ်စစ်မီး ဖြန့်ဖြူးတပ်ဆင်ပေးခြင်း မရှိသည်မှာ မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးခြင်းမရှိသည်ကို သိရှိလိုပါကြောင်း၊ ဌာနကကောက်ခံထားသော ငွေကြေးများ သက်ဆိုင်သူများသို့ ပြန်လည်ပေးအပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။