(က)-ပြည်သူအချင်းချင်းဖြစ်စေ၊ ပြည်သူနှင့် အစိုးရ ဌာနများကြားဖြစ်စေ တရားမမှုဆိုင်ရာအတွက် အ ငြင်းပွားကြလျှင် တရားစွဲရမှုလျော့နည်းသွားစေရန် ညှိနှိုင်းဖျန်ဖြေ ပေးရေးဆိုင်ရာ (Mediation Law) ကို ရေးဆွဲရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-07-25

မေးခွန်း အကြောင်းအရာ 

aung seinပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းထားသည်မှာ တရားရုံးများတွင် တရားမမှုများ မည်သည့်အတွက်ကြောင့် ကြန့်ကြာနေရပါသနည်းဟု မေးမြန်းသည့်အခါ တရားရုံးချုပ်၊ တရားလွှတ်တော်ချုပ်တရားသူကြီးတစ်ဦးမှ ဖြေကြားထားသည်မှာ တရားရုံးအသီးသီးက ချမှတ်သည့် အမိန့်ဒီဂရီဟူသမျှကို အဆင့်မြင့်တရားရုံးများသို့ ရှေ့နေများက အယူခံပြင်ဆင်မှု တက်နေခြင်းကြောင့် ကြန့်ကြာခြင်းဖြစ်သည်ဟု တင်ပြထားပါကြောင်း၊ အကြောင်းရင်းအမှန်က ရှေ့နေများ အယူခံပြင်ဆင်ရန် တက်ခြင်းမဟုတ် အမှုသည်၏ ခွင့်ပြုချက်အရတက်ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ဥပဒေပြဋ္ဌာန်းချက်များရှိ၍ အထက်အမြင့် တရားရုံးများကို ပြင်ဆင်အယူခံမှု တက်ခြင်းလည်းဖြစ်ပါကြောင်း၊

တရားမမှုတစ်ခုမှ သက်ဆိုင်သည်က တရားမကျင့်ထုံးဥပဒေဖြစ်ပြီး ၎င်းဥပဒေတွင် ပုဒ်မပေါင်း ၁၅၃ ခုရှိပြီး Order ၄၉ ခုရှိသည့်အပြင် Rule ပေါင်း ၅၆၃ ခုရှိပါကြောင်း၊ ထို့အပြင် တရားမမှုဆိုင်ရာ ဥပဒေများက Limitation Act, Code Field Act, Stand Act, Transfer of Property Act, Special Release Act စသည့် ဥပဒေများဖြင်‌့လည်း ဆောင်ရွက်ရပါကြောင်း၊ တရားမမှုတစ်ခုတွင် ဒီဂရီကျပြီးသည့် နောက်ပိုင်းတွင် အကောင်အထည်ဖော်ရန် ဇာရီမှုဖွင့်ရပါကြောင်း၊ ထို့ကြောင့် တရားမမှုကအစ ဇာရီကဆိုပြီး ဆိုရိုးစကားရှိပါကြောင်း၊  မိမိတို့နိုင်ငံတွင် ပြည်သူအချင်းချင်းဖြစ်သည့် တရားမမှုဆိုင်ရာကိစ္စများကို လက်ရှိတွင် ရှေ့နေများက Noticed ပေးပြီး ဖြေရှင်းရပါကြောင်း၊ မိမိအနေဖြင့် ဥက္ကဋ္ဌကြီး၏ ခွင့်ပြုချက်အရ ဂျပန်နိုင်ငံကို သွားရောက်ခဲ့စဉ်က တရားမကြောင်းဆိုင်ရာ တရားစီရင်ရေးနှင့် စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ လေ့လာမှုကို ကြည်ခြင်းအားဖြင့် သူတို့နိုင်ငံတွင် တရားမမှုခင်းများထက် ကျွန်တော်တို့ Mediation Law ကိုပြဋ္ဌာန်းပြီး Mediation Code များက Mission ၏ Judged များကို ဖြေရှင်းပေးခြင်းများရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း ၎င်းတို့ကဲ့သို့ ပြည်သူအချင်းချင်းဖြစ်သည့် တရားမမှုအတွက် သက်သာခွင့်ရရှိမည်ဆိုလျှင် တရားမစွဲမီ ညှိနှိုင်းဖြေရှင်း စေ့စပ်ပေးသည့် နေရာဒေသ ရုံးဌာနများရှိလျှင် တရားရုံးများတွင် တရားစွဲရန် လျော့ပါးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ပြည်သူများကလည်း ငွေကြေးကုန်ကျမှုနည်းပါးပြီး အချိန်ကုန် သက်သာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေတစ်ခုအဖြစ်ပြဋ္ဌာန်းပြီး Mediation Law ကို ရေးဆွဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။