(ဃ)-ရွှေကျင် ရေကာတာ တည်ဆောက်မှုကြောင့် နစ်နာဆုံးရှုံးသွားသည့်ဒေသခံပြည်သူများ၏ နစ်နာ ချက်များ ကိစ္စနှင့် တောင်သူများ နစ်နာမှုအတွက် ချ ထားပေးသည့်ဘဏ္ဍာငွေများအားမည်သည့်ကာလ တွင် မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း တို့နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-01
မေးခွန်း အကြောင်းအရာ
ရွှေကျင်မြို့နယ်တွင် ရွှေကျင်ရေကာတာကြီး တည်ဆောက်လိုက်သည့်အတွက် ဧရိယာစတုရန်း ၄၄ မိုင် အကျယ်အဝန်း ရေနစ်မြုပ်ခဲ့ပါကြောင်း၊ ထိုရေမြုပ်ဧရိယာအတွင်း ဒေသခံများ၏ လယ်၊ ကိုင်း၊ ဥယျာဉ်၊ ခြံများ ပါသွားသည့်အတွက် များစွာနစ်နာခဲ့ရပါကြောင်း၊ နစ်နာမှုအပေါ် မည်သို့ဆောင်ရွက်ပေးမည်ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် မေးခွန်းမေးမြန်းသည့်အခါ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးသွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ဝန်ကြီး ဌာနက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်လျာထားချက်တွင် ထည့်သွင်းလျာထားခဲ့ပါကြောင်း၊ ရေနစ်မြုပ် ခံရသည့်တောင်သူများအတွက် ချထားပေးသော ဘဏ္ဍာငွေများကို မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။