(က)-မောက်မယ်မြို့နယ်၊ နောင်နင်း(တောင်) ဆည်၏ ရေထိန်းတံခါးနှင့် ရေဝင်လမ်းမြောင်းပေါင် များ ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
နောင်နင်း(တောင်)ဆည်သည် မောက်မယ်မြို့နယ်၏ အနောက်ဘက်ရှိ နောင်နင်းရေထွက်မှ ရေများကိုဆည်ယူထားခြင်းဖြစ်ပြီး စိုက်ဧကပေါင်း ၁၀၀၀ ကျော်ကို နှစ်စဉ်ရေပေးဝေသည့်ဆည်ကြီး ဖြစ်ပါကြောင်း၊ ရှမ်းစော်ဘွားများ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့သော စိုက်ပျိုးရေပေးဝေသည့် စနစ် တစ်ခုဖြစ်ပါကြောင်း၊ ရေထိန်းတံခါးမရှိသည့်အတွက် နှစ်စဉ်မြေဖို့ခြင်းလုပ်ငန်းကို တောင်သူဦးကြီးများ စုပေါင်းဆောင်ရွက် ကြရပါကြောင်း၊ ရေထိန်းပေါက်အပေါ်ဘက် ကိုက် ၈၀၀ နှင့် ကိုက် ၁၀၀၀ ဝန်းကျင်တွင် မြောင်းကမ်းပါးတွေ အလွန်နိမ့်ကျခင်း၊ ပေါက်နေခြင်းတို့ကြောင့် ရေထိန်းပေါက်ပိတ်များနှင့် စိုက်ပျိုးရေများလျှံကျဖြစ်ပေါ်နေပါကြောင်း၊ ရေပေးဝေသော မြောင်းများ ဆီသို့ စိုက်ပျိုးမြေများ အလုံအလောက်မရောက်ရှိနိုင်ပါကြောင်း၊ ဆည်တံခါးပိတ်ဆို့ထားသော်လည်း စိုက်ပျိုးမြေများသည် မြောင်းပေါင် ဘေးဘက်သို့ စီးထွက်နေပါသဖြင့် စိုက်ပျိုးရေဆုံးရှုံးမှုများဖြစ်ပေါ် နေပါကြောင်း၊ ၎င်းမြောင်း ပေါင်တွေကို ပြန်လည်ဖြောင့်တန်းခြင်း၊ ကမ်းပေါင်မြှင့် တင်ခြင်းလုပ်ငန်း များကို လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ လယ်ယာလုပ်ငန်းခွင်ပြီးစီးသည့်ရာသီတွင် ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ရေထိန်းပေါက်အတွက် မြေဖို့ဆောင်ရွက်မည့်အစား သင့်တော်သည့် ရေထိန်း တံခါးအမျိုးအစား ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ မောက်မယ်မြို့နယ် တောင်သူလယ်သမားများ အားကိုးအားထားပြုနေရသော နောင်နင်း(တောင်)ဆည်၏ ရေထိန်းတံခါးနှင့် ရေဝင်လမ်းမြောင်း ပေါင်လမ်း ပြုပြင်မွမ်းမံပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။