(ဃ)-တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ချောင်းနယ် လက်ယာကမ်း ဆည်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2017-07-28

မေးခွန်း အကြောင်းအရာ 

ni ni may myintတောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဆားပြင်ကျေးရွာအုပ်စုပိုင် ချောင်းနယ်လက်ယာ ကမ်းဆည်ဟာဆိုရင် ၂၀၁၆ ခုနှစ်မှစတင်ပြီး ဆောက်လုပ်ခဲ့သည့် ဆည်ကြီးတစ်ဆည်ဖြစ်ပြီး သက်တမ်းမှာလည်း ၂၂ နှစ်ခန့်ကြာပြီဖြစ်ပါကြောင်း၊ ၂၆၄၀၀၀ ပေ ရှည်လျားပြီးအောက်ခြေ ၇ ပေ၊ အမြင့်ပေ ၄ ပေ၊ ထိပ်ဝ အကျယ် ၃ ပေဖြင့်တောင်သူ ၈၄ ဦးက ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်ခဲ့သည့်ဆည်ကြီး ဖြစ်ပြီး လယ်ဧက ၇၅၀ ဖြင့် လုပ်ကိုင်စားသောက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊

ဆည်တည်ဆောက်ပြီးသည့်အချိန်မှ ၂၀၁၃ ခုနှစ်အထိ သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ခြင်း မရှိသည့် အတွက် ဆန်စပါးအထွက်နှုန်းကောင်းမွန်ခဲ့သဖြင့် ဆည်တောင်သူ ၈၄ ဦး၏ မိသားစု စားဝတ်နေရေး အဆင်ပြေခဲ့ပါကြောင်း၊ သို့သော် ၂၀၁၄ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လများတွင်ည ဖြစ်ပေါ်ခဲ့သည့် ထူးကဲဒီရေကြောင့် ဆားငန်ရေစတင်ဝင်ရောက်ခဲ့ပါကြောင်း၊ ၎င်းအချိန်ကစပြီး တောင်သူများ မှာ နှစ်စဉ်နှစ်တိုင်း ကိုယ်ထူကိုယ်ထနဲ့ ဆည်ကြီးကို ပြုပြင်ခဲ့ကြသော်လည်း နည်းစနစ် တကျမရှိသည့် အတွက် ဒီနေ့ထိ ဒုက္ခရောက်နေကြရပါကြောင်း၊ မိသားစုများမှာသည်း ၎င်းဆည်ကြီး ကို အားကိုး၍ လယ်ယာလုပ်ကိုင်ကြရတာဖြစ်သည့် အတွက် သားသမီးများ၏ ပညာရေး၊ ကျန်းမာ‌ရေး အတွက် အဆင်မပြေဖြစ်နေကြပါကြောင်း၊ အမှန်တကယ်လိုအပ်သည့်ကိစ္စ ဖြစ်သည့်အတွက် ဝန်ကြီးဌာနမှ အောက်ခြေအထိ ကွင်းဆင်းပြီး စနစ်တကျဖြင့် ဆည်ကြီးကို ရေရှည် ခိုင်မာအောင် လုပ်ဆောင်ပေးရန် လိုအပ်နေပါကြောင်း မေးမြန်းပါသည်။