(ခ)-နန့်စီအောင်စစ်ဆေးရေးဂိတ်တွင် တရားမဝင် လိုင်စင်မဲ့ကားများနှင့်ကျောက်စိမ်းအပါအဝင်တရား မဝင်သိမ်းဆည်းရမိသောသက်သေခံပစ္စည်းများကို တရားစွဲဆိုထားခြင်းရှိ/မရှိနှင့်မည်သို့စီစဉ်ဆောင် ရွက် ထားသည်ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-07-31

မေးခွန်း အကြောင်းအရာ 

san san eiမိုးညှင်းမြို့နယ်သည် ကချင်ပြည်နယ်ကနေ ပြည်မကို ဆက်သွယ်သော မန္တလေး-မြစ်ကြီးနား ရထားလမ်း၊ ကားလမ်းဆုံသည့် ခရိုင်ရုံးစိုက်သော (က)အဆင့် မြို့နယ် တစ်ခုလည်း ဖြစ်ပြီး အဖိုးတန်ကျောက်စိမ်းသယံဇာတတွေ ထွက်ရှိရာ နန့်စီမှော်၊ ဖားကန့်မှော်တည်ရပါကြောင်း၊ ကချင်ပြည်နယ် နယ်စပ်ဂိတ် ဖြစ်သည့် နန့်စီအောင်စစ်ဆေးရေးဂိတ်ကို ကျောက်စိမ်းနှင့် တရားမဝင်လုပ်ငန်းများ ဖမ်းဆီးနိုင်ရန် အဲဒီဂိတ်ကို ရည်ရွယ်ပြီး ၆ လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း(၈)တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်တွေဖြစ်သော ပုဒ်မ ၃၇၀ အရ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ စီးပွား ရှာဖွေပိုင်ခွင့်ရှိသကဲ့သို့ နိုင်ငံတော်ကို အခွန်ပေးဆောင်ရန်အတွက်လည်း ပုဒ်မ ၃၈၉ အရ တာဝန်ရှိပါကြောင်း၊

နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးရမိသော ယာဉ်ယန္တရားများကို နိုင်ငံတော် အနေနှင့် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သေ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် စပ်လျဉ်းပြီး ဥပဒေအရ ကာကွယ်ပေးရန်လည်း တာဝန်ရှိသည့်အတွက် လူစီးယာဉ်များအပါအဝင် နောက်ဆုံးဖမ်းဆီးရရှိထားသော ယန္တရားများကို သက်ဆိုင်ရာဝန်ကြီး ဌာနတွေအနေဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်ထားခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။