(ခ)-သိန္နီ-ရေပူ အမြဲစစ်ဆေးရေးစခန်းမှ နွားကဲ့ သို့သောသက်ရှိပစ္စည်းဖမ်းဆီးရမိသောနွား (၇၄) ကောင်၏ လေလံတင် ရောင်းချခဲ့သောတန်ဖိုးကို အများပြည်သူ မြင်သာအောင် ထုတ်ပြန်ပေးရန်နှင့် အချိုးကျမည်သို့ ခွဲဝေပေးသည်ကိုသိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိန္နီ-ရေပူ အမြဲစစ်ဆေးရေးစခန်းတွင် ၁၀-၄-၂၀၁၇ ရက်နေ့တွင် နွား ၇၄ ကောင်ကို ဖမ်းဆီးခဲ့ပါကြောင်း၊ ဖမ်းဆီးခဲ့သည့် နွား ၇၄ ကောင်ကို ဖမ်းဆီးပြီးသည့်နောက်ပိုင်း ၇၄ ကောင်လုံး ပျောက်ဆုံးသွားသည့်ဲ့ သတင်းများထွက်ပေါ်ခဲ့ပါကြောင်း၊ ၂၆-၅-၂၀၁၇ ရက်နေ့ တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဆုံးဖြတ်ချက်အရ နွားများကို အပ်နှံထားသည့် နေရာကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆိုင်လူ၊ မြို့မိမြို့ဖများအပါအဝင် မြို့နယ်ဥပဒေအရာရှိ မြို့နယ်အခွန်ဦးစီးဌာနမှူး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် သိန္နီ-ရေပူစစ်ဆေးရေးစခန်းမှ အကောက်ခွန်အရာရှိများ အပါအဝင် သတင်းမီဒီယာများမှ သွားရောက်စစ်ဆေးခဲ့ပါကြောင်း၊ နွားများကိုလည်း တွေ့ရှိပါကြောင်း၊ ယင်းသို့ တရားမဝင် ကုန်သွယ်ရန် သယ်ဆောင်လာသည့်နွား ၇၄ ကောင်နှင့်ပတ်သက်ပြီး အမှုကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပါက သိန္နီမြို့နယ် စီမံခန့်ခွဲမှုကော်မတီရဲ့ဆုံးဖြတ်ချက်အရ လေလံတင်ရောင်းချသွားမည်ဟု သိရှိရပါကြောင်း၊
နွားကဲ့သို့သော သက်ရှိပစ္စည်းများ ဖမ်းဆီးရမိမှုအပေါ် မည်သို့သောမည်မျှအချိန်ကာလ သတ်မှတ် ချက်ဖြင့် လေလံတင်ရောင်းချခြင်းပြုကြောင်းနှင့် လေလံတင်ရောင်းချသည့်အခါတွင် မည်ကဲ့သို့စံချိန်စံညွှန်း စည်းကမ်းသတ်မှတ်ချက်များ၊ လူတန်းစားများ၊ မည်သည့်လူတန်းစားများ ပေါ်မည်တူ၍ လေံတင်ရောင်းချကြောင်း၊ လေလံတင်ရောင်းချခဲ့သော တန်ဖိုး ငွေစာရင်းများကို အများပြည်သူမြင်သာအောင် ထုတ်ပြန်ဖော်ပြပေးရန် ရှိ/မရှိ၊ လေလံတင်ရောင်းချငွေများကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာမြို့နယ်၊ ဖမ်းဆီးပေးသည့်ဌာန အဖွဲ့အစည်း များအတွက် မည်သည့်အချိုးကျဖြင့် မည်သို့ခွဲဝေပေးသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။