(ဃ)-အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင်လယ်မြေ များ၊စားကျက်မြေကိုလယ်မြေအဖြစ်ဌာနကအသုံးပြု သည့်မြေများမည်မျှရှိပြီးမည်ကဲ့သို့စီမံခန့်ခွဲထားပါသ နည်း၊အဆိုပါမြေများအားမြေမဲ့ယာမဲ့ဒေသခံများအ တွက်ပြန်လည်စွန့်လွှတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-08-04

မေးခွန်း အကြောင်းအရာ 

mar mar khineအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ယခင် မ.ဆ.ပ.လ ခေတ် ပြည်သူ့ကောင်စီလက်ထက် ကတည်းက သိမ်းယူခြင်းဖြင့်လည်းကောင်း၊ မြေယာတွေဖောက်ထုတ်၍လည်းကောင်း၊ ရရှိခဲ့သည့် လယ်ယာများကို လက်ဆင်‌့ကမ်းရရှိခဲ့ခြင်းရှိသလို န.ဝ.တလက်ထက်မှ သိမ်းယူခဲ့သည့်မြေယာများကိုလည်း အဆင့်ဆင်‌့ လက်ကမ်း ရရှိခဲ့ကြပါကြောင်း၊ သို့သော်ဌာနပိုင်မြေများ မည်မျှရှိပြီး ၎င်းမြေများကို မည်ကဲ့သို့စီမံခန့်ခွဲ၍ မည်သည့် အကျိုးအမြတ်များရရှိပြီးမည်ကဲ့သို့ အသုံးပြုနေသည်ဆိုတာကို မသိရှိခဲ့ကြပါကြောင်း၊ လယ်ယာမြေတစ်ချို့ကို သီးစားချထားပေးပြီး တစ်ချို့ကို စားကျက်မြေများပေါ်တွင် သီးစားချထားခွင်‌့ ပေး၍ တစ်ချို့မြေများကို ဒီအတိုင်းပစ်ထားခဲ့ပြီး အသုံးမပြုလို့ ဒေသအတွက်လည်း အကျိုးမရှိဖြစ်နေပါကြောင်း၊ ယခင်က  ဝန်ထမ်းသက်သာအနေဖြင့် ရရှိသည့်သီးစားချကို ဝန်ထမ်းတစ်ဦးကို တစ်လလျှင် ကျပ် ၅၀၀၀ ထောက်ပံ့ခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ ဝန်ထမ်းသက်သာဖျက်သိမ်းပြီးနောက်ပိုင်းတွင် မသိရတော့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တစ်နေ့တစ်ခြားတိုးပွားလာသည့် လူဦးရေကြောင့် နေထိုင်စရာ မြေယာကွက်များလိုသလို စားရေး၊ ရိက္ခာရဖို့နှင့် အလုပ်အကိုင်အခွင့်အလမ်းများ အတွက် မြေယာများလိုအပ်နေပါကြောင်း၊ ထို့ကြောင့် ို့ ဌာနအနေနှင့် မိမိတို့အတွက် မည်သည့် အတွက်ကြောင်‌့မြေကို မည်မျှယူထားခြင်းဖြစ်ကြောင်း ရှင်းလင်းအသိပေးဖို့လိုသလို ပြည်သူလူထုအကျိုး အတွက် မြေကိုစီမံခန့်ခွဲပေးရန်လည်း လိုအပ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်လမ်းညွှန်ချက်ပါ မိမိဦးတည်သော ပြည်သူ့အကျိုးပြုလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက် နိုင်ရန် ညှိနှိုင်းပေါင်းစပ်မှုနှင့် အကောင်အထည်ဖော်ရမည်ကို နားလည်ရမည်ဆိုသည့် လမ်းညွှန်ချက် အတိုင်း ပြည်သူများအတွက် ဌာနပိုင်မြေတစ်ချို့ကို ညှိနှိုင်းစွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။