(င)-ကလေးမြို့အားမြို့မြေတိုင်းထွာသတ်မှတ်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-08-04

မေးခွန်း အကြောင်းအရာ 

aye aye muကလေးမြို့သည် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်ကပင် တကောင်းမြို့ပြများနှင့်အပြိုင် မြို့ရိုး၊ ကျုံး၊ စေတီ၊ ပုထိုး၊ အရံမြို့ငယ်များနှင့် စနစ်တကျတည်ဆောက်ခဲ့တဲ့ စော်ဘွားနန်း စိုက်ရာမြို့ တစ်မြို့လည်းဖြစ်ပါကြောင်း၊ နှစ်ကာလကြာရှည် လာမှုနှင့် ထိန်းသိမ်းပြုပြင်မှု အားနည်းချက် များကြောင့် ရှေ့ဟောင်းမြို့ပြ၏အမှတ်လက္ခဏာများသည် အနည်းငယ်သာကျန်ရှိပါကြောင်း၊

ကလေးမြို့သည်သည် မြို့ပေါ်ရပ်ကွက်ကြီး ၁၉ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး မြို့ပြလူဦးရေ တစ်သိန်းငါးသောင်းကျော်ခန့်ရှိပါကြောင်း၊  ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြို့ပြဧရိယာ ၆၆၆၂ ဧကရှိပြီး အထဲကမှ ၁၉၇၀ ခုနှစ်က ၁၁၀၀ ဧကကိုသာ မြို့မြေအဖြစ် တိုင်းထွာသတ်မှတ်ပြီး မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ကျန်ရှိ ၅၅၆၂ ဧကရှိမြို့ပြလူနေဧရိယာကို မြို့မြေအဖြစ် တိုင်းထွာသတ်မှတ်နိုင်ခြင်းမရှိသေးပါကြောင်း၊ မြို့မြေတိုင်းထွာသတ်မှတ်နိုင်ခြင်းမရှိ သေးသည့် အတွက် မြေယာအငြင်းပွားမှုများ၊ မြေယာကျူးကျော်တိုးချဲ့မှုများ၊ မြို့ပြတစ်ခု၏ အခြေခံအဆောက် အဦများကို ဖြစ်သလိုဖော်ဆောင်နေမှုများစသည့်အခက်ခဲများအပြင်  အခက်အခဲများအပြင် တောင်သူ လယ်သမားအချို့နှင့် မြေပွဲစားများ၏ နည်းမျိုးစုံအိမ်ရာကွက်များဖန်တီးပြီး ဥပဒေမဲ့ လုပ်ကိုင်ခဲ့ ခြင်းကြောင့် အဆင့်မီရပ်ကွက်များဖြစ်မလာကြဘဲ အဘက်ဘက်ကအားနည်းတဲ့ မြို့ပြကြီးအဖြစ် ပေါ်ထွန်းခဲ့ရပါကြောင်း၊

ယခုကဲ့သို့ အဘက်ဘက်ကအားနည်းသည့် မြို့မြေကွက်များကို စနစ်တကျထိန်းသိမ်းမှုနှင့် မှတ်တမ်း မှတ်ရာများမရှိခဲ့ပါက နောင်အခါတွင် ယခုလက်ရှိအခက်အခဲများ များသည်ထက်များလာပြီး ဖြေရှင်းရန်ခက်ခဲလာမည်ဖြစ်ပါကြောင်း၊  ချွေးနဲစာဖြင့် ဝယ်ယူထားရသည့် မြေကွက်သည့် မရေရာမသေချာသည့် ပိုင်ဆိုင်မှုဖြစ်ပါက ကိုယ့်ဘဝအနာဂတ် တိုးတက်ရာတိုးတက်ကြောင်းလုပ်နိုင်ရန် အခက်အခဲအများကြီး ရှိနိုင်သကဲ့သို့ နိုင်ငံတော် အတွက်လည်း ရသင့်ရထိုက်သည့် မြေယာအခွန် အခများမရရှိနိုင်ပါကြောင်း၊

ထို့ကြောင့် ၂၀၁၅ ခုနှစ် အစိုးရသစ် တာဝန်ယူပြီး ရက်တစ်ရာစီမံချက်တွင် တစ်မြို့တစ်ရွာနှုန်းဖြင့် မြေများတိုင်းထွာပြီး မြေငှားဂရမ်များ ချထားပေးခဲ့သကဲ့သို့ မြို့ကြီးအချို့ကိုလည်း မြို့မြေ တိုင်းထွာမှုများချထားပေးပြီး လုပ်ငန်းများအကောင် အထည်ဖော်နေသကဲ့သို့ ကလေးမြို့အား မြို့မြေတိုင်းထွာပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်နှစ်တွင် တိုင်းထွာမှုလုပ်ငန်းများ စတင်နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။