(ဃ)-မက်မန်းမြို့နယ်တွင် ခရိုင်သို့မဟုတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဖွင့်လှစ်ပေးရန် နှင့်ဝန်ထမ်းများ ခန့်အပ်ပေးရန်၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် တာဝန်ခံ အရာရှိ ခန့်အပ်ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့်စပ် လျဉ်းသည့် မေးခွန်
မေးခွန်း အကြောင်းအရာ
မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၃၀-၇-၂၀၀၂ ရက်စွဲပါစာအမှတ်၊ ၁၀၀/၃-၂၇/ဦး ၁ အမိန့်ကြော်ငြာစာအရရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးခရိုင်၊ တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၇ အုပ်စု၊ ကျေးရွာပေါင်း ၉၂ ရွာကိုထုတ်နုတ်ပြီးမက်မန်းဒေသမှ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာပေါင်း ၉၇ ရွာနှင့်ပေါင်းစည်းပြီးရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်တွင်ပါဝင်သည့် မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ပါကြောင်း၊ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁-၁-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၂၀၀၂/၂၁-၇၅/ဦး ၁ နှင့် မက်မန်းခရိုင်ကိုမက်မန်းမြို့နယ်၊ ပန်ထန်းမြို့နယ်၊ နားဖန်မြို့နယ်နှင့်မန်ကန်မြို့နယ်ခွဲတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊
မက်မန်းခရိုင်အနေဖြင့်ခရိုင်အဆင့် ဌာနဆိုင်ရာငါးခုရှိပြီးမက်မန်းမြို့နယ်အနေနှင့်ဌာနဆိုင်ရာ ၁၈ ခုရှိပါကြောင်း၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ကိုလည်းတွေ့ရှိရပါကြောင်း၊ယခုလိုဆောင်ရွက်သည့်အခါတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဖွင့်လှစ်ထားခြင်းမရှိသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားအထက်ဌာနကိုတင်ပြထားခြင်းဖြစ်ဖြစ်၊ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းများလျာထားတင်ပြထားခြင်းဖြစ်ဖြစ်၊ မြို့နယ်စီမံကိန်းရေးဆွဲရာတွင်ဖြစ်ဖြစ် ဌာနနှင့်လုပ်ငန်းတာဝန်ခံဦးစီးအရာရှိမရှိသည့်အတွက် အစစအရာရာအခက်အခဲဖြစ်ပေါ်နေသည်ကိုလည်းတွေ့ရှိရပါကြောင်း၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှာတာဝန်ခံအရာရှိခန့်အပ်ပေးရေးနှင့်စပ်လျဉ်းပြီးတော့ တင်ပြရမယ်ဆိုရင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကိုဖွင့်လှစ်နိုင်ခဲ့ပြီးဝန်ထမ်းအနေဖြင့်မြေတိုင်းအဆင့်(၅)တစ်ဦးသည်လည်းမက်မန်းနှင့် တုံတာမြို့နယ်နှစ်ခုကိုကိုင်ရသဖြင့်လူတွေ့ရန်ခက်ခဲပါကြောင်း၊ယခုထိုဝန်ထမ်းသည် Promotion ဖြင့် ပြောင်းသွားသည့်အတွက် ခန့်အပ်ဝန်ထမ်းတစ်ယောက်မျှမရှိပါကြောင်း၊
ထို့ကြောင့် မက်မန်းခရိုင် သို့မဟုတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖွင့်လှစ်ပေးရန်နှင့်ဝန်ထမ်းများခန့်အပ်နိုင်ရန် အစီအစဉ်ရှိ/မရှိ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ခံအရာရှိခန့်အပ်ပေးနိုင်ရေးအစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိမည်ဆိုပါကလည်းမည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။