(က)-ပညာရေး တက္ကသိုလ်၊ ဖွံ့ဖြိုးရေး တက္ကသိုလ် များ အပါအဝင် ယခုပညာရေး ကောလိပ်များ ပါဝင် ယှဉ်ပြိုင်ကြသော ဘက်စုံပညာပြိုင်ပွဲကို ပြန်လည် ကျင်းပပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-08-10

မေးခွန်း အကြောင်းအရာ 

u tin hlaဆရာအတက်သင်သိပ္ပံနှင့် ဆရာအတက်သင်ကောလိပ်၊ ဆရာအတက်သင်ကျောင်းများ၊ ပညာရေးတက္ကသိုလ်၊ ဖွံ့ဖြိုးရေးတက္ကသိုလ်တွေရဲ့ ဘက်စုံပညာပြိုင်ပွဲကြီးကို ၁၉၇၆ ခုနှစ်စပြီး စတင်ကျင်းပခဲ့ပါကြောင်း၊ ဘက်စုံပညာ ပြိုင်ပွဲကြီး၏ ရည်ရွယ်ချက် မှကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးဘက်စုံပညာရေးဖြစ်ပြီး ၎င်း၏ ဆောင်ပုဒ်မှဘက်စုံလျှင်ဖြင့် စက်ကုန်နှင့်အန်ဆိုသည့် ဆောင်ပုဒ်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ရသ၊ အားကစားများ၊ စာပေ၊ ဂီတ၊ အနုပညာများ၊ စက်မှုလက်မှုများ ပါပါကြောင်း၊ Accept to Education အက၊ အနုလက်မှု၊ အိမ်တွင်းမှု Teaching Art ပြိုင်ပွဲစသည်စသည့် ပြိုင်ပွဲများကို ကျင်းပခဲ့ပါကြောင်း၊ အဲဒီပြိုင်ပွဲများကို မကျင်းပမီ အသီးသီးသောပညာရေး သိပ္ပံကျောင်းများသည် မိမိတို့ကျောင်းမှာ ပထမဆုံးကျင်းပပြီး စကာတင်ရွေးချယ်းပြီး နှစ်လလောက် လေ့ကျင့်ပျိုးထောင်ပြီးမှ ရန်ကုန်မှာလာပြီး ကမ်းဗက်ဆရာ အတက်သင်တွင် ပြိုင်ပွဲများ လာပြိုင်ရပါကြောင်း၊ မြန်မာပြည်အနှံ ဆရာအတက်သင်ကျောင်းမှ ဆရာဆရာမများ၊ တိုင်းရင်းသား ညီအကိုမောင်နှမများ ရင်းနှီးခွင့်ရပြီး၊ အသိပညာများ ဖလှယ်ခွင့်ရကြပါကြောင်း၊ ဘက်စုံပညာရေးတွေ၊ အနုလက်မှု၊ အဆို၊ အက၊ ကျပန်းစကားရည်လုပွဲ စသည်စသည်ဖြင့် ပြိုင်ပွဲများကို အားလုံးပြိုင်ခွင့် ရသည့်အတွက် ရင်းနှီးခွင့်ရကြပါကြောင်း၊           ၎င်းပြိုင်ပွဲများကို ၁၉၇၆ ခုနှစ်ကစပြီး ကျင်းပခဲ့ရာမှ ၁၉၈၇ခုနှစ်၁၁ နှစ်ကြာသည့်အချိန်တွင် ရပ်ဆိုင်းခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်ထိဆိုရင် နှစ်ပေါင်း ၃၀ လောက် ကင်းကွာခဲ့ပါပြီဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော် ဒီမိုကရေစီအစိုးရသစ်မှ ဒီမိုကရေစီခေတ် ပြောင်းလာသည်နှင့်အမျှ ပိုမိုကောင်းမွန်သော ပညာရေးစနစ်ကို ဖော်ဆောင်ပြီးလက်တွေ့ကျသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီမိုကရေစီစနစ်၏ လိုအပ်ချက်နှင့်အညီ အသုံးကျသည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖော်ဆောင်ကြိုးစားလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပုဒ်မ ၂၈ အပိုဒ်ခွဲ(ဃ)တွင် နိုင်ငံတော်သည် ဘက်စုံအတွေးစုံမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးကိုအထောက်အကူပြုသည့် ပညာရေးစနစ်ကို ဖော်ဆောင်ရန်၊ ပုဒ်မ ၃၃ တွင် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် ပြည့်စုံရေးအတွက်ကိုလည်း ပျိုးထောင်ရန်ဟု ဆိုထားပါကြောင်း၊ ယနေ့ပညာရေးဝန်ကြီးဌာန၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၏ ရည်မှန်းချက်တွင် လူငယ်များတွေးခေါ် ကြံဆနိုင်ပြီး ဘက်စုံပြည့်စုံသည့်သူများ ဖြစ်အောင်ဖော်ဆောင်ရမည်၊ ပညာရေးယတ္တရားကြီးကို ဖော်ဆောင်ရသည့်သူများသည် ဆရာများဖြစ်ပါကြောင်း၊ ထို့ကြောင့်ဆရာများ၏ အခန်းကဏ္ဍသည် Quality Education, Accept to Education အခွင့်အလမ်းပွင့် ပညာရေး၊ Quality ပညာရေးကို သွားနေသည့်အချိန်တွင် ဆရာများ၏ အခန်းကဏ္ဍသည် အင်မတန် အရေးကြီးပါသော်ကြောင့် ပညာရေးတက္ကသိုလ်၊ ဖွံ့ဖြိုးရေးတက္ကသိုလ်များ အပါအဝင် ယခုပညာရေးကောလိပ်များ ပါဝင်ယှဉ်ပြိုင်ကြသော ဘက်စုံပညာ ပြိုင်ပွဲကို ပြန်လည်ကျင်းပပေးရန် အစီအစဉ် ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။